Chapter-38 ကိုယ်ပျောက်မကောင်းဆိုးဝါး

3.2K 532 24
                                    

Title - ကိုယ်ပျောက်မကောင်းဆိုးဝါး

လုစစ်ရန်သည် မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ၏ကြွက်သားများမှာ လှုပ်ရှားနေ၏။ သူ၏နှုတ်ခမ်းများသည်လည်း ခြောက်သွေ့လာ၏။ သူ သူ၏တန်ထျန်းအား တင်းတင်းကြပ်ကြပ် ကာထားရင်း အိပ်မက်ထဲရှိ အရာအားလုံးအား ပြင်းပြင်းထန်ထန် ပြန်လည်တွေးတောပါသော်ငြား အိပ်မက်သည်သူ့အား အဖြေတစ်ခုပင် မပေးခဲ့။

လုစစ်ရန်၏အမူအယာမှာ ရှုံ့တွနေပြီး စက္ကန့်အနည်းငယ်အတွင်းမှာပင် သူ၏ကျင့်ကြံဆင့်သည် အဆင့်လေးရောက်ခါနီးနှင့် အဆင့်သုံးအထွတ်အထိပ်မှသည် အဆင့်သုံးအစသို့ ကျဆင်းသွားသည်ကို တွေ့ရှိလိုက်ရသောကြောင့် သူထိတ်လန့်တုန်လှုပ်သွားတော့၏။

သူ ထိုအကြောင်းအား ထပ်မတွေးရဲတော့။ မြေပြင်ပေါ်မှ ထရန်ရုန်းကန်လိုက်ရင်း မျက်လုံးပြူးကြီးများဖြင့် သူ့အားတိုက်ခိုက်သည့် သားရဲအား ရှာဖွေရန် ကြိုးစားလိုက်၏။ 

လုစစ်ရန် ဘာဆိုဘာမျှရှာမတွေ့။ မှော်စွမ်းအင်သည် သူ၏တန်ထျန်းထဲရှိ ကျင့်ကြံဆင့်အား ရူးသွပ်စွာ ဝါးမြိုသွားပြီးနောက် သူ၏ခန္ဓာကိုယ်မှ နည်းနည်းချင်းစီ ဖိတ်လျှံထွက်လာလျက် သစ်ပင်အကြီးကြီးအား မှီထားသည့် မစ္စတာဝံပုလွေဆိုးကြီးထံ စီးဆင်းသွားကြ၏။

ရွမ်းကျောင်သည် မြေပြင်ပေါ်သို့လဲကျသွားသည့် လုစစ်ရန်အား တည်ငြိမ်စွာ ကြည့်နေလျက် သူ၏လှပသည့်အပြာဖျော့ဖျော့မျက်ဝန်းများမှာ သွေးနီရောင်အဖြစ်သို့ ပြောင်းလဲသွား၏။  

သူ၏ပါးပြင်နှစ်ဖက်ပေါ်ရှိ အမာရွတ်များနှင့် နတ်ဆိုးစွမ်းအင်များသည် အရိုင်းဆန်စွာ ပြေးလွှားနေလျက် အလွန်ကိုပင် ထူးဆန်းလှ၏။  

နာကျင်လှစွာ ဆန့်ငင်ငင်ဖြစ်နေသည့် လုစစ်ရန်အားကြည့်ရင်း ရွမ်းကျောင်၏နှုတ်ခမ်းများသည် သတ်ဖြတ်လိုသည့် ကျေနပ်မှုနှင့်အတူ ကွေးညွှတ်သွားကြ၏။

သူ သူ၏မျက်လုံးများအား မှေးကျဉ်းလိုက်၏။ နတ်ဆိုးစွမ်းအင်များသည် တလှိမ့်လှ်ိမ့်တက်လာနေလျက် သူ အသိစိတ်ပျောက်သွားတော့မလိုပင်။ 

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now