Chapter-7 သေအံ့ဆဲဆဲမစ္စတာအရန်အစားအစာနှင့် ယွမ်ချိုးချိုး၏ပြုစုပျိုးထောင်ခြင်း

5.3K 717 12
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်

Title - သေအံ့ဆဲဆဲမစ္စတာအရန်အစားအစာနှင့် ယွမ်ချိုးချိုး၏ပြုစုပျိုးထောင်ခြင်း

မစ္စတာဝံပုလွေအား ကယ်တင်ရန် ယွမ်ချိုးချိုး အဘယ်ကြောင့် အကောင်းဆုံးကြိုးစားနေရသနည်းဆိုသည့် အကြောင်းပြချက်မှာ ရှုပ်ထွေးသည်။ သူသည် သူမ၏ခင်ပွန်းဖြစ်ရုံသာမကဘူး အကယ်၍သူသာ အသက်ရှင်ပါလျှင် သူမအား မျှတလုံခြုံသောနေစရာတစ်ခုနှင့်အတူ အတော်အသင့်ထောက်ပံ့ပေးနိုင်လိမ့်မည်။

ထို့အပြင် သူမနှလုံးသားတွင် မြှုပ်နှံထားသည့် မရှင်းလင်း‌သော စာနာသနားမှုတစ်ခုလည်း ရှိသည်။ နောက်ပြီး.....

မပြောပြတတ်သည့် မျှော်လင့်ချက်တစ်ခု...

အနာဂတ်တွင် သူသည် ကောလဟာလများကဲ့သို့ ဖောက်လွဲဖောက်ပြန်မဖြစ်တော့ဘဲ ၊ ကြောက်စရာမကောင်းတော့သည်လည်း ဖြစ်နိုင်သည်။

အနာဂတ်တွင် သူ၏ဒဏ်ရာများအား ကုသပြီးချိန်တွင်  သူ၏ဘဝသည် ပိုမိုကောင်းမွန်လာပေလိမ့်မည်။

အနာဂတ်တွင် မျိုးနွယ်စုသုံးစုတည်ရှိနေသည့် ဤစိတ်ကူးယဉ်ရှေးခေတ်ကမ္ဘာကြီးတွင် သူမသည်လည်း သိပ်အထီးကျန်ဆန်ရတော့မည် မဟုတ်ချေ။

အဆုံးတွင် ဤအချိန်၌ ဤကမ္ဘာကြီးတွင် မစ္စတာဝံပုလွေတစ်ကောင်တည်းသာလျှင်(သူမဘေး၌) ရှိသည်။

အကယ်၍ သူသာသေသွားပါလျှင်...

ယွမ်ချိုးချိုး လေးလေးနက်နက် သက်ပြင်းချလိုက်ပြီး ထိုကဲ့သို့ အထီးကျန်ဆန်ကာ ခက်ခဲလှသည့်ဘဝအား ရင်ဆိုင်ရန် အနည်းငယ် ကြောက်ရွံ့နေမိသည်။

သူမခေါင်းယမ်းလိုက်ပြီး သူမကိုယ်သူမ တည်ငြိမ်ရန် အားပေးလိုက်သည်။

သူမ သူမ၏ အေးခဲထုံကျင်နေသော လက်ချောင်းထိပ်လေးများကို ဆန့်လိုက်ကာ ပတ်ဝန်းကျင်လေထုထဲရှိ ရေဒြပ်စင်အား အာရုံခံရန်ကြိုးစားလိုက်သည်။ သူမ၏စွမ်းအင်အား တဖြည်းဖြည်းချင်းထိန်းညှိရင်း ခဏအကြာတွင် အခက်အခဲအချို့ရှိသော်လည်း ကုသနိုင်စွမ်းအနည်းငယ်ပါဝင်သည့် ရေတစ်စက်ကို သူမစုစည်းလိုက်နိုင်သည်။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now