Chapter-105

322 38 0
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

"ဒဏ်ရာတွေက ဘာလို့ အတော်ဆိုးဝါးနေရတာလဲ?" ယွမ်ချိုးချိုး သတိမထားမိလိုက်ပါဘဲ တီးတိုးရေရွတ်လိုက်မိသည်။ ထိတ်လန့်သွားမှုအား လျစ်လျူရှုထားလျက် အလျင်အမြန် ရှေ့သို့လျှောက်သွားကာ သားရဲများကို ကုသရာတွင် ကူညီပေးရန်အတွက် ရှောင်ယွီအား သားရဲများ(ရှောင်ဒိုဒိုတို့ ရှောင်ယွမ်တို့ကိုပြောတာပါ)ကို သွားခေါ်စေလိုက်သည်။

သို့သော် ငိုနေသည့် အပြင်းအထန်ဒဏ်ရာရထားသော သိမ်းငှက်လေးဆီ အမြန်သွားရန်ပင် အချိန်မရှိလိုက် ၊ရှောင်ဒိုဒို အော်ပြောလာသည်ကို သူမ,ကြားလိုက်ရသည် "ရွမ်းကတော် ဂူထဲကို အရင်လာခဲ့ပါဦး ၊ အပြင်ဘက်က သားရဲတွေက တောင့်ခံနိုင်ကြသေးတယ်, ဂူထဲက အတော်များများက အသက်အန္တရာယ်ရှိနေပြီဗျ!"

ယွမ်ချိုးချိုး ထိတ်လန့်သွားရပြီး ခေါင်းလှည့်ကြည့်လိုက်ရာ ရှောင်ဒိုဒို၏ အဝတ်အစားများမှာ ကြောက်စရာကောင်းလောက်အောင်ပင် သွေးများဖြင့် ဖုံးလွှမ်းနေသည်ကို တွေ့ရှိလိုက်ရလေသည်။

"ဝူးးး---" သူမ၏ရှေ့ရှိ သိမ်းငှက်လေးမှာ မည်သည်တို့ဖြစ်ပျက်နေသည်ကို နားလည်ပုံရ၏။

သူ၏ဘေးရှိ သိမ်းငှက်ကြီးသည် ကျိုုးနေသောအတောင်ပံဖြင့် သိမ်းငှက်လေး၏နှုတ်သီးကို ကာထားလိုက်ပြီး သူ၏ပင်ပန်းနေသော မျက်လုံးတို့မှာ မှေးစင်းနေ၏။ သူသည် သူ၏သားပေါက်လေးကို ယွမ်ချိုးချိုအား လူများကိုကုသနေရာတွင် အနှောင့်အယှက် မပေးစေချင်သကဲ့သို့ ဖြစ်ပုံရ၏။

သိမ်းငှက်လေးမှာ အလွန်ကို နာခံမှုရှိ၏, နာကျင်မှုကို သည်းခံလျက် သူ၏အရောင်ဖျော့ဖျော့ နှုတ်သီးလေးကို ပိတ်ထားသော်လည်း မျက်လုံးကြီးများမှာ မထိန်းနိုင်စွာ မျက်ရည်တို့ကျဆင်းနေဆဲဖြစ်ပြီး ဝတုတ်တုတ်ခန္ဓာကိုယ်လေးမှာ တုန်ရီနေ၏။

ယွမ်ချိုးချိုး အံကြိတ်ထားလိုက်ရင်း သူမ၏နှလုံးသားမှာ တဖြည်းဖြည်း ငြိမ်သက်လာခဲ့သည်။ ပထမအဆင့် ကုသနိုင်စွမ်းရေလုံးသည် သူမ၏လက်ချောင်းထိပ်တို့မှ ထွက်ပေါ်လာပြီး သိမ်ငှက်လေး၏ ကျိုးနေသာခြေထောက်အား ဖုံးအုပ်သွား၏။ သူမ လှည့်ထွက်လာခဲ့ပြီး အခြားသိမ်းငှက်များကို ဆက်မကြည့်တော့ဘဲ ဂူထဲသို့ ဝင်သွားလိုက်တော့သည်။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now