Clickဖို့မမေ့ကြပါနဲ့ရှင့်❤️
Title - ငါတို့သွားခဲ့ကြတဲ့ အဲ့ဒီမှောင်မိုက်နေတဲ့လမ်းတွေ
မိုဘူကွေ့၏အသံသည် အလွန်နူးညံ့၏။ သူ၏ချောမောသောမျက်နှာသည် ချင်းရူရီ၏အစွယ်များမှ တစ်စက်စက်ကျနေသောသွေးများဖြင့် ဖုံးလွှမ်းနေ၏။
ရူရီ၏တစ်ဝက်အပြည့်သာရှိတော့သည့် ပါးပြင်များသည် နာကျင်မှု တွန့်ဆုတ်မှုတို့ဖြင့်ပြည့်နေသည်ကို ယွမ်ချိုးချိုး မြင်ရ၏။ သူမတွင် အသိစိတ်အနည်းငယ် ရှိနေသေးပုံရသော်ငြား သူမ၏အသိစိတ်သည် လုံးဝကြည်လင်နေခြင်းတော့ မရှိရှာချေ။
မိုဘူကွေ့၏ဒဏ်ရာတို့သည် ချိုမြမြရနံ့တို့ဖြင့် ပြည့်နေ၏။ သူမအတွက် သေစေနိုင်လောက်သည့် ဆွဲဆောင်မှုတစ်ခုပင်။
သရေများသည် သူမ၏ပါးစပ်ထောင့်စွန်းနှင့် အစွယ်တို့မှ ယိုစီးကျနေ၏။ ယွမ်ချိုးချိုးသည် ဤပုံစံအတိုင်း မတိုးသာမဆုတ်သာ အခြေအနေကို အချိန်အတော််ကြာ ထိန်းသိမ်းထားသည့် သူတို့နှစ်ဉီးအား တိတ်ဆိတ်စွာဖြင့် စောင့်ကြည့်နေခဲ့၏။
သို့သော်အဆုံးတွင်မူ ဘွားဘွားရူရီသည် အသားနှင့်သွေးတို့၏ ဆွဲဆောင်မှုကို ခုခံနိုင်ခြင်းမရှိလေပင်ဖြစ်ပြီး ဘိုးဘိုးမို၏လက်မောင်းကို ပြင်းထန်စွာကိုက်ခဲပစ်လိုက်တော့၏။
သွေးများစီးကျလာသည့်အချိန်တွင် မကောင်းဆိုးဝါးသည် သူမ၏ရှင်းလင်းသောအမြင်အာရုံကို ပြန်ရလာပြီး မျက်လုံးတို့မှ မျက်ရည်များကျဆင်းလာခဲ့သည်ကို ယွမ်ချိုးချိုးမြင်ရ၏။
အစမှအဆုံးတိုင် ငယ်ရွယ်သော ဘိုကူကွေ့သည် တစ်စုံတစ်ရာအထွန့်တက်ခြင်း ငိုယိုအော်မြည်ခြင်းပင်မရှိခဲ့။
နာကျင် .... နေမည်မှာ .......
သိသာလှ၏.....
ယွမ်ချိုးချိုး အာခြောက်လာလျက် နှလုံးသားမှာ ကတုန်ကယင်ဖြစ်လို့နေ၏။
ဤဟာသည် ဘွားဘွားရူရီပြောသည့် နတ်ဆိုးအဖြစ်ပြောင်းလဲခြင်း ကာလလား?
မစ္စတာဝံပုလွေဆိုးကြီးသည် အနာဂတ်တွင် ဤကဲ့သို့ ဖြစ်လာမည်လား?
YOU ARE READING
နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]
Romance»This is not my own work »Translated from mtl and faneditedmtl »For offline purpose »Cover photo from pinterest