Title - သနားစရာကောင်းလှသည့်ဝံပုလွေကြီးသည်ရုတ်တရတ်ပေါ်လာခဲ့၏
လုစစ်ရန်သည် ယွမ်ချိုးချိုး၏နာမည်အား ထပ်ခေါ်လိုက်ပြီး စက္ကန့်အနည်းငယ်ကြာအောင် တစ်နေရာတည်းတွင် စိုးရိမ်တကြီးစောင့်နေလေ၏။
လွန်ခဲ့သည့်ဆယ်မိနစ်က သူ မီးလျှံဝံပုလွေမျိုးနွယ်စုကို ရောက်သွားခဲ့သည်။ သူ ယွမ်ချိုးချိုး၏သတင်းအား မမေးနိုင်သေးခင် တစ်ခဏလောက်စောင့်ရန် ပြင်ဆင်ထားခဲ့သော်ငြား အမျိုးသားဇာတ်လိုက်၏ ကံကောင်းမှုကြီးမှာ ကောင်းမွန်လေပြီး သူရောက်ရောက်ချင်းမှာပင် ရှဲ့ယွီနှင့် တန်းတွေ့လေ၏။
ရှဲ့ယွီနှင့်လုစစ်ရန်တို့သည် အနီးအနားမျိုးနွယ်စုများ၏ စစ်သည်တော်များဖြစ်ကြသည်။ ဆောင်းရာသီအမဲလိုက်ကာလတွင်း နှစ်တိုင်းလိုလို သူတို့တွေ့ကြသောကြောင့် အချင်းချင်း သိကြလေ၏။
ရှဲ့ယွီသည် လုစစ်ရန်အား မြင်သောအခါ အနည်းငယ်အံ့ဩသွား၏ "လုစစ်ရန်? မင်း ငါတို့မျိုးနွယ်စုကို ဘယ်လိုရောက်လာတာလဲ?"
သူနှင့်လုစစ်ရန်သည် ယဉ်ကျေးစွာပင် တစ်ခဏလောက် ရှေ့နောက်လမ်းလျှောက်နေခဲ့သည်။ ထို့နောက် လုစစ်ရန်သည် သာမန်ကာလျှံကာပင် ပြောလိုက်၏ "ငါတို့မျိုးနွယ်စုက လူသားတစ်ဦး မင်းတို့မျိုးနွယ်ထဲကို လက်ထပ်သွားတာရှိတယ်မလား? အကြီးအကဲက သူ(မ)အသက်ရှင်သေးလားဆိုတာ ငါ့ကိုလာကြည့်ခိုင်းလို့ပါကွာ"
ရှဲ့ယွီ၏အမူအယာသည် အနည်းငယ်ထူးဆန်းသွား၏ "မင်းပြောတာ ယွမ်ချိုးချိုးလား?"
"အင်း ၊ သူမ သေပြီလား?" လုစစ်ရန်သည် အံ့ဩမသွားပေ။ နောက်ဆုံးတွင် ယွမ်ချိုးချိုးအသက်ရှင်နိုင်မည်ဟု သူ,မထင်ပေ။
သူ၏စကားများကိုကြားသောအခါ ရှဲ့ယွီ၏အမူအယာမှာ ပို၍ပင် ထူးဆန်းသွားတော့၏ "မသေသေးပါဘူး"
"မသေသေးတဲ့အပြင် မောက်မာတောင်နေသေးတာလေ" ထိုနေက ယွမ်ချိုးချိုးသည် သူမ၏ကိုယ်ပေါ်ရှိကျိန်စာနှင့် သူ့အားခြိမ်းခြောက်ခဲ့သည်ကို စဉ်းစားမိသောအခါ ရှဲ့ယွီသည် အံကြိတ်လိုက်၏။
YOU ARE READING
နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]
Romance»This is not my own work »Translated from mtl and faneditedmtl »For offline purpose »Cover photo from pinterest