Chapter-56 သားရဲတစ်ပိုင်း နတ်ဆိုးတစ်ပိုင်း

2.6K 387 14
                                    

Clickဖို့ မမေ့ကြပါနဲ့ရှင့်❤️

Title - သားရဲတစ်ပိုင်း နတ်ဆိုးတစ်ပိုင်း

ချင်းရူရီသည် တစ်ပြိုင်တည်းနှင့် မေးခွန်းအများကြီးကို မေးချလာလေ၏။ ယွမ်ချိုးချိုးမှာ သူမ၏မေးခွန်း အတန်းလိုက်ကြီးကြောင့် ရှက်သွားတော့၏။

အဓိကအားဖြင့် "ဝံပုလွေကရော မင်းကိုဘယ်လိုဆက်ဆံလဲ"ဆိုသည့် စာကြောင်းကို ကြားလိုက်ရသည့်အချိန်တွင် သူမ၏မျက်နှာအား အနည်းငယ်သဘာဝမကျစွာ နီမြန်းသွားစေရင်း သူမနှလုံးသားထဲတွင် မရှင်းလင်းသည့်ခံစားချက်အများအပြားသည် ပျံ့နှံ့လာတော့၏။

ယွမ်ချိုးချိုး အနည်းငယ်ရုန်းကန်လိုက်ပြီး သူမ၏အသံမှာ အနည်းငယ် ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေတော့သည် "ဘွားဘွား.... ဒါတွေက ကျွန်မကို ဘွားဘွားမေးချင်တဲ့ မေးခွန်းတွေလားဟင်?"

ချင်းရူရီသည် သူမ၏တုံ့ပြန်ပုံကိုကြည့်ကာ မျက်ခုံးများကို အသာအယာပင့်လိုက်လေသည်။

သူမ ယွမ်ချိုးချိုး အနီးသို့ပိုတိုးလာကာ အနံ့ခံကြည့်ပြီးနောက် အနည်းငယ်စိတ်သက်သာရာရသွားလေသည် "တော်သေးတာပေါ့ မင်းတို့က ခင်ပွန်းနဲ့ဇနီးအစစ်အမှန် မဖြစ်ကြသေးဘူးပဲ"

ယွမ်ချိုးချိုး : "....." ဘွားဘွားရူရီ ဘွားဘွားတည့်တိုးကြီးပဲ ပြောနေတော့မှာလား?

သူမမှာ ရှက်သွေးဖြာသွားရုံသာမက ပြောစရာစကားမဲ့လုနီးနီး ဖြစ်သွားရလေသည်။

သူမနှင့် မစ္စတာဝံပုလွေဆိုးကြီးတို့သည် ထိုဟာအားမလုပ်ရသေးသော်လည်း အရင်တုန်းက သားရဲများသည် သူမ၏ကိုယ်ပေါ်မှ သူ၏အနံ့ကဲ့သို့သော တစ်စုံတစ်ခုကို အနံ့ရကြလေသည်။ သူမနှင့်မစ္စတာဝံပုလွေဆိုးကြီးတို့၏ ဆက်ဆံရေးအစစ်အမှန်ကို ပထမဆုံးမြင်သူမှာ သူမ၏ရှေ့က ချင်းရူရီတစ်ဦးတည်းသာ။

ယွမ်ချိုးချိုး၏အမူအယာမှာ အလွန်ရှက်နေသောကြောင့် ဖြစ်လောက်မည် ချင်းရူရီသည် အစက အခြားတစ်စုံတစ်ခုအား မေးမြန်းချင်ခဲ့သော်လည်း သူမ၏နီရဲနေသောမျက်နှာနှင့် ရှောင်ဖယ်ရှောင်ဖယ်လုပ်နေသော မျက်လုံးများမှ အရာအားလုံးကို နားလည်သွားလေ၏။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now