Chapter-49 ဝံပုလွေအားစတင်နားလည်လာပြီဟုယွမ်ချိုးချိုးခံစားရ၏

3.3K 433 24
                                    

Clickဖို့မမေ့ကြပါနဲ့နော်❣️

Title - ဝံပုလွေအား စတင်နားလည်လာပြီဟု ယွမ်ချိုးချိုးခံစားရ၏

ထိုအချိန်တွင် သူမတို့နှင့်သိပ်မဝေးသည့် သစ်တောထဲတွင် အန္တရာယ်သည် နီးကပ်လာနေပြီဖြစ်ကြောင်းကို ယွမ်ချိုးချိုးမသိရှာပါပေ။

ရွမ်းကျောင်နှင့် တစ်နေ့တာလုံးကို အတူကုန်ဆုံးပြီးနောက် သူမတို့အိပ်ယာဝင်ကြတော့မည့်အချိန်တွင် မူးဝေကာ အနည်းငယ်သာနေမကောင်းဖြစ်တော့သည့် ယွမ်ချိုးချိုးသည် အလွန်ပင်ရှက်နေမိလေ၏။

သူမ ချုပ်လုပ်ရန်အတွက် အရိုးအပ်ကိုကိုင်ထားရင်း ‌မီးဖိုအနီးက ကျောက်ခုံတန်းရှည်လေးပေါ်တွင် ထိုင်နေ၏။

ရွမ်းကျောင်သည် သူ၏မျက်တောင်ရှည်များကို ချထားပြီး ကျောကိုမတ်ထားကာ မည်သည်လုပ်နေသည်ကိုမသ်ိရလေဘဲ ကျောက်စားပွဲအစွန်းတွင် ထိုင်နေ၏။

အိပ်ခန်းထဲ၌ မှ်ိန်ပျပျအလင်းရောင်သာရှိ၏။ သိမ်မွေ့ကာနွေးထွေးသည့် အလင်းရောင်သည် သူ၏ပါးပြင်များပေါ်သို့ ကျရောက်နေလျက် ထိုကြောက်စရာအမာရွတ်များအား နူးညံ့သွားစေပြီး ပိုမိုကာချောမောသွားစေလေ၏။

နောက်ပြီး သူမတို့သည်လည်း ဤပုံစံအတိုင်း တစ်နေကုန်နီးပါး တုတ်တုတ်မလှုပ်ထိုင်နေခဲ့ကြခြင်းဖြစ်၏။

မနက်ခင်း၌ သိမ်းငှက်အစ်ကိုကြီးထန်းရှို့ ထွက်သွားသည့်အချိန်ကတည်းကပင် ဤလူသားနှင့် ဤဝံပုလွေသည် အလွန်ပင်ယဉ်ကျေးလှသည့် အခြေအနေတစ်ခုကို ထိန်းသိမ်းထားကြလေ၏။

မနက်စာကိုတိတ်ဆိတ်စွာ စားသုံးသည်။ ပြောစရာမလိုဘဲ ခွဲကာထိုင်ကြသည်။ ထို့နောက် အခြားတစ်ဦးအား အနားယူရန် တစ်ညီတစ်ညွတ်တည်း ပြောကြလေ၏။

နေ့တစ်ဝက်အကြာက ရွမ်းကျောင်အားစဉ်းစားမိသောအခါ ယွမ်ချိုးချိုး သူမလက်ထဲက အရိုးအပ်ကိုညှစ်လိုက်ပြီး မျက်လုံးတို့တွင် ကူကယ်ရာမဲ့မှုတို့က ဖြတ်ပြေးသွားခဲ့၏။

သူပင်ပန်းကာ နာကျင်နေရသည့်အချိန်တွင် တစ်ခွန်းမှမဆိုလေဘဲ သူမအား သုံးနှစ်သားကလေးကဲ့သို့ ချော့မြူနိုင်မည်ဟု သူထင်နေလေသလား?

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now