[Unicode]" ဒီနေ့ Show ပွဲရဲ့ outfit ကိုဘယ် stylistက ပြင်ပေးလိုက်တာလဲ "
အေးစက်တောင့်တင်းတဲ့ အသံက Ent ရဲ့ရုံးခန်းထဲကို ပျံ့လွင့်လာတော့ မလှုပ်မယှက်နဲ့ မတ်တပ်ရပ်နေတဲ့ Staff တွေခမျာ ဘုရားပေါင်းစုံတနေရပြီဖြစ်တယ်။
ဗိုကယ်လ်ရဲ့အနေအထားအရ CEO ရဲ့ဒေါသလယ်ဗယ်ကထိပ်ဆုံးရောက်နေပြီမှန်း ဒီent မှာအလုပ်ဝင်တဲ့ သက်တမ်းအရ သူတို့က ကောင်းကောင်း သိနေကြပြီဖြစ်တယ်။ CEO ရဲ့မေးခွန်းကို ဖြေဖို့ staff တွေက အချင်းချင်းလက်တို့နေကြတုန်း အခန်းထဲကိုဝင်လာတဲ့ မိန်းခလေးတစ်ယောက်
" ငါစီစဉ်ပေးလိုက်တာ ပြဿနာရှိလို့လား "
" မင်း! "
ထိုအသံကြောင့် CEO ကstaff တွေကို ထွက်သွားခိုင်းမှ သူတို့လဲ အသက်၀၀ ရှူရဲတော့တယ်။
" ဝတ်စုံကဘာဖြစ်နေလို့ နင်က ဒေါသအဲ့သလောက်ထွက်နေရတာလဲ "
" ဘာလို့လဲဟုတ်လား ဒီလောက်ပါးပြီး အထဲကိုအတိုင်းသား မြင်နေရတဲ့ outfit ကို ကျန့်ငယ်အတွက် မင်းစီစဉ်ပေးလိုက်တာလေ လျှံဝေ! "
" ဟ ဒါကတော့ ငါကပွဲနဲ့လိုက်မဲ့ဟာကို စီစဉ်ပေးလိုက်ရုံပဲ ပြီးတော့ကျန့်ကျန့်ကတောင် အဆင်ပြေလို့ ဝတ်သွားပြီလေ နင်အခုမှ ဒေါသထွက်နေလဲ အပိုပဲ "
ထိုအခါမှ ရိပေါ်က စိတ်ကိုလျှော့လိုက်သလို သက်ပြင်းချပြီးမှ
" မင်းဒီကိုလာတာ ဘာကိစ္စလဲ "
" နောက်လ France မှာ ငါနဲ့ Evan collaboration လုပ်ထားတဲ့ fashion show တစ်ခုလုပ်ဖို့ရှိတယ် အဲ့အတွက် မော်ဒယ်အနေနဲ့ ကျန့်ကျန့်ကို သုံးမှာ "
လျှံဝေရဲ့ စကားအဆုံး ရိပေါ်က မျက်မှောင်ကျုံ့သည်။
" ငါ့entမှာ model တွေမှအများကြီ၊ ဘာလို့ ကျန့်ငယ်မှလဲ မရဘူး! "
ရိပေါ်စကားကြောင့် လျှံဝေရဲ့ မျက်နှာက တွန့်သွားရသည်။ ပြီးမှ
" ရိပေါ် နင်နားမကောင်းဘူးလား၊ နင့်ဆီကခွင့်တောင်း နေတာမဟုတ်ဘူး အသိပေးနေတာ၊ ဒီအကြောင်းကို ကျန့်ကျန့်က သိပြီးပြီ သူကလဲ လက်ခံပြီးသွားပြီ "
