မောင်ဖုန်းဆက်ချိန် နွေးဖုန်းမအားတာနဲ့တိုက်ဆိုင်သွားတာ ဘယ်သူနဲ့ပြောလဲဘာလဲနဲ့စိတ်ဆိုးတော့တာပဲ။အဲ့နောက်ပိုင်းကစပြီးမောင်ကအရင်မဆက်တော့ဘူး။မောင်သတ်မှတ်ပေးတဲ့အချိန်အတိုင်း နွေးဘက်ကစပြီးဆက်ရသည်။
" ဟဲလို မောင်''
(ချစ် ၅မိနစ်နောက်ကျတယ်)
"မောင် စိတ်ဆိုးနေပြီလားဟင် ''
(မဆိုးသေးဘူး ချစ်သာမောင် စိတ်ဆိုးအောင် စကားမမှားစေနဲ့)
နွေးမှာနောက်ကျမှာစိုးလို့အိမ်မရောက်သေးဘဲဈေးဆိုင်ဘေးမှာတင်ချက်ချင်းဆက်တာတောင် ၅မိနစ်ကနောက်ကျသေးသည်။ မောင်စိတ်ဆိုးအောင်စကားမမှားမိစေဖို့လဲစဉ်းစားနေရသည်။
" မောင် ဘာလုပ်နေလဲဟင်''
(မာမီ့ကိုဆိုင်( ရွှေဆိုင်) ပို့ပေးပြီးလို့ မောင့်အလုပ်ကိုရောက်နေပြီ)
" မောင် ''
(ကိုထိုက်)
"မောင်မအားရင် နွေး ဖုန်းချလိုက်မယ်လေ''
( Vedio call ဖွင့်လိုက်ချစ်)
vcဖွင့်လိုက်တော့ ပေါ်လာတဲ့ မောင့်မျက်နှာချောကြောင့်နွေးအလွမ်းပြေရသည်။ ဒါပေမဲ့ မျက်ခုံးနှစ်ခုကိုထိလုမတက်တွန့်ချိုးထားတဲ့မောင့်မျက်နှာကအလိုမကျမူတွေနဲ့ပြည့်နေသည်။ ဘာလို့များပါလိမ့်။
မောင်တို့တွေပြောနေတဲ့အလုပ်အကြောင်းတွေလဲသေချာတောင်မကြားမိဘူး။ ချစ်ရတဲ့ မောင့်မျက်နှာကိုငေးကြည့်နေရင်း မောင့်အကြောင်းတွေးနေမိသည်။ ယောကျာ်းလေးတစ်ယောက်ကအလုပ်ကိုအာရုံစိုက်နေတဲ့အချိန်အချောဆုံးပဲ။ မောင်က လူကန့်လန့်လူ့ဂွစာလေးမို့တည့်တဲ့သူကခပ်ရှားရှားရယ်အကြောင်းမသိတဲ့သူဆိုမောင်နဲ့စကားတောင်မပြောချင်ဘူး။ ချေမိုးရမယ်ဆိုမောင်ကထိပ်ဆုံးက။(ချစ် ချစ်)
" ဟင် ပြောလေမောင်''
( ဘယ်သူ့အကြောင်းတွေးနေရဲတာလဲ ပြောမောင့်ကိုစိတ်ဆိုးစေချင်နေတာလား)
" မဟုတ်ပါဘူး နွေးမွေးနေ့ရောက်တော့မှာကိုတွေးမိလို့ပါ မောင် ပြန်လာမယ်မလားဟင်''
YOU ARE READING
ချစ်ပုယောကျာ်းတောသားကိုကို
Romanceအခုမှစာစရေးဖူးတာပါ။ own creation ပါ။တူညီတိုက်ဆိုင်တဲ့တစုံတရာရှိခဲ့ရင်လဲ စာရေးသူရဲ့ အမှားမလို့ ကြိုပြီး တောင်းပန်ပါတယ် ကိုကို ကချစ်ပုကိုမြတ်မြတ်နိုးနိုးနဲ့ချစ်ရတာမို့ နာကျင်ဖူးတဲ့ချစ်ပုနှလုံးသားကို ကိုကို့ အတွက် အပိုင်ပေးပါလား