ch 8

724 33 0
                                    

နွေး မောင့်ဖုန်းကို မကိုင်ရဲလို့မကိုင်ပဲသာနေလိုက်လျှင် မောင့်ဒေါသက နှစ်ဆဖြစ်သွားလိမ့်မည်ဖြစ်သည်။ မောင့်ကိုအတက်နိုင်ဆုံး နွေး ဖက်ကသေချာပြောပြရင်တော့ မောင်စိတ်မဆိုးလောက်ဘူးဟု စိတ်တင်းကာ ဖုန်းကိုင်လိုက်ရသည် ။

" ဟဲလို... မောင် ''

(နာရီ ကြည့်တက်လား...ချစ် နာရီရောကြည့်တက်လားလို့မေးနေတယ်လေ)

နွေး ဖုန်းစကိုင်ရုံနဲ့ တဖက်ကမောင့်အသံကစူးရှကျယ်လောင်စွာထွက်လာတော့သည်။ မောင့်အသံကမောင့်ဒေါသကိုပြောပြနေသကဲ့သို့ပင်။

" နွေး...တောင်းပန်ပါတယ်မောင်ရယ် နွေး...တမင်ဖုန်းမဆက်တာမဟုတ်ပါဘူး နွေး မောင့်ကိုစိတ်တိုအောင်လုပ်တာလဲမဟုတ်ရပါဘူး...မောင့်ကို... ''

(ချစ်ကိုမောင် ဘယ်အချိန်ပြန်ရမယ်ပြောထားလဲ ပြန်ရောက်ရင်ဖုန်းဆက်ခိုင်းတယ်လေ...ချစ်ကအခုထိအိမ်မရောက်သေးတာလား မောင့်စကားကိုအလေးအနက်မထားတာပဲ ချစ်မောင့်ကိုဂရုမစိုက်တာ...ချစ် မောင့်ကိုပြောတော့ မောင်ပြန်ခိုင်းတဲ့အချိန်အိမ်ရောက်နေရပါမယ်ဆို မောင့်ကိုလိမ်တာလား)

သူမ ဖုန်းထဲကနေ တဖက်လူရဲ့အသံက ကျယ်လောင်စွာ ထွက်နေတာကြောင့် ဘေးနားမှာရှိနေတဲ့ ဆက် ကြားဖို့ရာလုံလောက်ပါသည်။ ဘာအကြောင်းတရားကအဲ့လောက် စိတ်ဆိုးစရာပါနေလို့ပါလဲ။ ကိုယ့်ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကို သူမကသူမကောင်လေးကိုအကုန်ပေးထားတယ်ဆိုတာကို ဆက် သိပေမဲ့ အခုလောက်ထိအပြစ်တင်ပြီးပြောရလောက်အောင်မလိုလောက်ဘူးဟု ဆက် ထင်သည်။ တစုံတရာအကြောင်းပြချက်ကိုတောင် နားမထောင်ရသေးပဲ ဘာလို့များအပြစ်တင်ရက်နိုင်ရတာလေ။ သူမက သူချစ်တဲ့ မိန်းကလေးတစ်ယောက်လေ ။

" မောင့်ကိုမလိမ်ရပါဘူး မောင်ရယ် နွေး တကယ်အိမ်ကိုအမှီပြန်ပါတယ် လမ်းမှာ နဲနဲလေးအခက်ခဲရှိသွားလို့ နောက်ကျနေတာပါ နွေး ကိုစိတ်မဆိုးပါနဲ့တော့နော်... နွေး တောင်းပန်နေပြီလေနောက်ဒီလိုမဖြစ်စေရပါဘူးနော် မောင် ''

(ချစ် ကိုမောင်ကဘယ်လိုယုံရတော့မှာလဲ ချစ်တို့မြို့ကဘယ်လောက်တောင်ကျယ်နေလို့လဲ လမ်းတွေဘယ်လောက်ကျပ်နေလို့လဲ မောင့်ကိုဆင်ခြေပေးတာကိုမောင်အမုန်းဆုံးပဲ မောင်ချစ်ကိုခွင့်ပြုပေးခဲ့တယ်မောင်ပြန်ဆိုတဲ့အချိန်ပြန်ပါ့မယ်လို့ ချစ် ကိုယ်တိုင်ကတိပေးခဲ့တာလေ မတည်နိုင်ရင်ကတိမပေးရဘူးနားလည်လား)

ချစ်ပုယောကျာ်းတောသားကိုကိုWhere stories live. Discover now