" ဒါဆို... အခု ထူး တို့က ''
" ထူး တို့ ခိုးပြေးလာတာ မနွေး ''
" ဘုရား... တကယ် ''
နွေး အံ့သြ ပြီး ဘုရားတမိသည်။ ထူး ကတကယ် သတ္တိမွေးခဲ့တာပဲ သူ ရွေးချယ်ခဲ့တဲ့အပေါ်မှာနောင်တမရတာမို့ နွေး ထူးကိုလေးစားမိသည်။
" ထူး အဖေ ပိုပြီး စိတ်ဆိုးမှာမစိုးရိမ်ဘူးလား''
" စိုးရိမ်တယ် မနွေး ဒါပေမဲ့ ထူး ဒီလိုမလုပ်ရင် နောင်နောင် နဲ့လဲ အတူနေရမှာမဟုတ်သလို ထူး ဘဝကိုလဲဖုံးကွယ်နေရမှာ''
" ထူး ရွေးချယ်တာမမှားပါဘူး ဒါပေမဲ့ ထူး အိမ်ကိုမပြန်တော့ဘူးလား ထူး အမေရော''
" အဲ့ဒါကြောင့် မနွေး တို့ဆီကိုလာတာ ထူး ဘာဆက်လုပ်ရမလဲ ''
ထူး ရဲ့လက်ကိုဆုပ်ကိုင်ထားတဲ့ နောင်နောင်က ထူး ကိုနှစ်သိမ့်သလိုပြုံးပြနေရင်းမှ နွေး ကိုကြည့်လာကာ
" မနွေး... ကျွန်တော် ထူး ကို သူ့မိဘတွေဆီကိုပြန်အပ်ချင်တယ် ထူး ကျွန်တော့် ဆီလာတော့ တကိုယ်လုံးအချိုးရာတွေနဲ့ အရိုက်ခံထားရတော့ ကျွန်တော် လဲ ထူပူသွားပြီး ထူး ကိုခိုးပြေးလာတာ ဒါပေမဲ့ ကျွန်တော် လုပ်တာမှားတယ် ထူး ကို ကျွန်တော် ကာကွယ်ရမှာ ခုလိုဝှက်ထားရမှာမဟုတ်ဘူး ''
" နောင်နောင်... ''
ထူး က နောင်နောင် ကိုနားမလည်စွာနဲ့ကြည့်လာတော့သည်။ နောင်နောင် က ထူးခေါင်းလေးကိုအသာပုတ်လိုက်ရင်း
" စိတ်မပူပါနဲ့ ငါမင်းကို အဆုံးရှုံးမခံပါဘူး ''
" ဒါပေမဲ့... ငါ အိမ်ပြန်ရောက်တာနဲ့ မင်းနဲ့ တွေ့ရတော့မှာမဟုတ်ဘူး နောင်နောင် ''
" ထူး ခဏလေး နောင်နောင် က ဘယ်လိုတွေးထားလို့လဲ''
နွေး က နောင်နောင် ကိုမေးလိုက်တော့ နောင်နောင် က ခဏတာစဥ်းစားပြီးမှ
" ကျွန်တော် ထူးကို သူ့မိဘတွေဆီကလူကြီးစုံရာနဲ့ တောင်းယူချင်တယ် အခုလို ခိုးပြေးလာတာ ထူး ပိုပြီး အရှက်ရလိမ့်မယ် ကျွန်တော့် ကြောင့်နဲ့ ထူး အိမ်ကိုမပြန်ရတာမဖြစ်စေချင်ဘူး''
YOU ARE READING
ချစ်ပုယောကျာ်းတောသားကိုကို
Romanceအခုမှစာစရေးဖူးတာပါ။ own creation ပါ။တူညီတိုက်ဆိုင်တဲ့တစုံတရာရှိခဲ့ရင်လဲ စာရေးသူရဲ့ အမှားမလို့ ကြိုပြီး တောင်းပန်ပါတယ် ကိုကို ကချစ်ပုကိုမြတ်မြတ်နိုးနိုးနဲ့ချစ်ရတာမို့ နာကျင်ဖူးတဲ့ချစ်ပုနှလုံးသားကို ကိုကို့ အတွက် အပိုင်ပေးပါလား