"ဦးလေး... ဦးလေးရေ''
မနက်စောစောစီးစီး အိမ်ရှေ့ကခေါ်နေတဲ့အသံကြောင့် ဆက် ထွက်ကြည့်မိတော့ ရဲရဲ ဆိုတဲ့ကောင်လေးဖြစ်နေသည်။ လက်ထဲမှာလဲ ချိုင့်ကြီးဆွဲလာတဲ့ ရဲရဲ ကိုခြံတခါးဖွင့်ပေးရင်း
" ရဲရဲ... ဘာတွေလာပို့တာလဲ''
" မမနွေး မွေးနေ့မလို့... ဖွားက ရပ်ကွက်ထဲမှာကြာဇံကြော်လိုက်ဝေခိုင်းလို့ ''
" ကြာဇံကြော်လား...''
" ဟုတ်... မမနွေးကခနခနနေမကောင်းလို့တဲ့ အသက်ရှည်ရှည်နေရအောင်ကြာဇံကြော်ဝေပေးတာတဲ့ ''
သူမ အဖွားကသူမကိုဆူသာဆူတာတော်တော်ချစ်သည်ဟု ဆက် ထင်မိသည်။ ရဲရဲ ကမ်းပေးတဲ့ချိုင့်ကိုယူပြီး ရဲရဲကိုခနစောင့်ခိုင်းကာ ကြာဇံကြော် လှယ်လိုက်ပြီး
" ရဲရဲ ရေ...မင်းမမနွေးကို အသက်ရှည်အနာမဲ့ပြီး အမြဲတမ်းပျော်ရွင်ပါစေ မိဘကိုလဲသိတက်တဲ့သမီးလိမ္မာလေးဖြစ်ပါစေလို့... ဆုတောင်းပေးတယ်ပြောလိုက်အုံး''
" ဦးလေးကလဲအဝေးကြီးမှမဟုတ်တာ ကိုယ့်ဘာသာသွားပြောပါလား ရဲရဲ ကတခြားအိမ်တွေသွားပေးရအုံးမှာကို ''
စကားလေးတောင် လူကြုံပါးလို့မရတဲ့ကလေး။ သူမတို့မောင်နှမတွေကတကယ့်ကိုအမျိုးမျိုးလေးတွေ။ သူမ မွေးနေ့အတွက် ဆက် လက်ဆောင်ဝယ်ပေးဖို့စဉ်းစားထားပေမဲ့ နေ့လည်လောက်မှသွားဝယ်ပေးမယ်လို့ တွေးထားခဲ့ခြင်းဖြစ်ကာ အခုတော့မြို့ထဲကိုချက်ချင်းသွားပြီး လက်ဆောင်ဝယ်ပေးလိုက်တော့မည်။
မြို့ထဲမှာ ဆိုင်ကယ်နဲ့တော်တော်ပတ်လိုက်ရပြီးတာတောင်မှ ဘာပေးရမှန်းမသိရှာနေရတုန်း။
သူမလေးကို ဘာပေးရမှန်းမသိဘဲနောက်ဆုံးမှာတော့ ပလတ်တီနမ်ဟန်းချိန်းလေးတစ်ခုကိုရွေးလိုက်တော့သည်။ သူမလေး နဲ့ လိုက်ဖက်မယ်ထင်တာကိုသေချာရွေးခဲ့ပြီးနောက်သူမတို့အိမ်ကိုဦးတည်ခဲ့လိုက်သည်။" ဆက် လာမောင်ရင်....''
"ဦးတို့လဲရောက်နေတာလား... နေကောင်းလား ဦး''
သူမလေးရဲ့ မိဘတွေအပြင် ကျန်တဲ့မိသားစုတွေပါအစုံအလင်ရောက်နေကျတာကြောင့် ဒီမိသားစုနဲ့တင်အိမ်ကလူပြည့်နေလေသည်။ သူမရဲ့အဖေနဲ့ အဖိုးက ဧည့်ခန်းထဲမှာ ဆက်နဲ့ထိုင်နေရင်း
YOU ARE READING
ချစ်ပုယောကျာ်းတောသားကိုကို
Romanceအခုမှစာစရေးဖူးတာပါ။ own creation ပါ။တူညီတိုက်ဆိုင်တဲ့တစုံတရာရှိခဲ့ရင်လဲ စာရေးသူရဲ့ အမှားမလို့ ကြိုပြီး တောင်းပန်ပါတယ် ကိုကို ကချစ်ပုကိုမြတ်မြတ်နိုးနိုးနဲ့ချစ်ရတာမို့ နာကျင်ဖူးတဲ့ချစ်ပုနှလုံးသားကို ကိုကို့ အတွက် အပိုင်ပေးပါလား