နွေး မျက်လုံးဖွင့်ဖွင့်ချင်း မြင်ရတာက အဖြူရောင်မျက်နှာကျက်ကြီး ပြီးတော့ နွေး မျက်နှာပေါ်မှာ အောက်ဆီဂျင် ပိုက်နဲ့ နွေး လက်မှာလဲဆေးထိုးအပ်တွေက တန်းလန်း နောက်ဆုံး နွေး မှတ်မိတာက နွေး ချောင်းတအားဆိုးလာပြီး ချွဲထုတ်မရဘဲ အသက်ရှုကျပ်လာတာ နောက်တော့ ဘာဖြစ်သွားလဲ မသိတော့ဘူး။ ကြည့်ရတာ နွေး ဆေးရုံပေါ်မှာ ရောက်နေသည်ထင်၏ နွေး ရဲ့ လက်လေးကိုကိုင်ပြီး အိပ်နေတဲ့သူကိုကြည့်လိုက်တော့ နွေး ရဲ့ မေမေ....မေမေ ကနွေး ကို လူနာစောင့်ပေးနေတာလား လူကြီး ရော နွေး အနားမှာမခွာနိုင်ဖြစ်နေတက်တဲ့လူကြီးက နွေး ဒီလိုဖြစ်နေတာကို အနားမှာမရှိဘူးလား....ဘယ်သူ့ကိုမှ ယုံကြည်လို့မရဘူးပဲ....
" မေမေ....''
" ဟင်... သမီးသတိရလာပြီလား ''
မေမေက နွေး ကိုသတိရလာပြီလား မေးပြီးတော့ အပြင်ကိုပြေးထွက်သွားခဲ့သည်။ နွေး တောင်ဘာမှမပြောရသေးဘူးလေ မေမေက ဘယ်ကိုသွားတာလဲ။ နွေး သတိရလာလို့ ဆရာဝန်သွားခေါ်တာနေမယ်....နွေး အတွေးပါလေ။ မေမေ အပြင်ထွက်သွားပြီး ခဏကြာတော့ လူကြီးက အူယားဖားယား ပြေးဝင်လာခဲ့ပြီး မေမေတော့ပါမလာတော့ဘူး ။ နွေး မျက်စိမှားနေတာလား လူကြီး နဖူးက ပတ်တီးကဘာဖြစ်တာလဲ...
" ကလေး.... ကလေး ကိုယ့်ကို မြင်ရလား ကလေး ဘယ်လိုနေသေးလဲ ဘယ်နားနာနေသေးလဲ အသက်ရှုကျပ်သေးလား သက်သာလား.... ကလေး...ကိုယ်ပြောတာကိုရောကြားရလား....ဟင် ချစ်ပုလေး ကိုယ့်ကိုမမှတ်မိတော့ဘူးလား ဘာလို့စကားမပြောတာလဲ ဟင်....ကလေး...''
" ဆက်....ဆရာဝန် ကိုနဲနဲ လမ်းဖယ်ပေးလိုက်အုံး မင်း ဒရမ်မာတွေ နောက်မှခင်း...''
နွေး ဖေကြီး ရဲ့စကားကြောင့် ဆရာဝန်နဲ့ သူနာပြုတွေရော အကုန်ရယ်ကုန်ကျသည်။ မေမေ ရော နွေး ရောပေါ့။ နွေး လူကြီး မေးတာတွေဖြေချင်ပါတယ် မေးခွန်းတွေကများပြီး ဘာဖြေရမှန်းမသိ လူကြီး ကိုမမှတ်မိရအောင် နွေး ကခေါင်းထိထားတဲ့လူမှမဟုတ်တာ တကယ်တမ်းခေါင်းမှာ ဒဏ်ရာရထားတာ လူကြီး လေ။
လူကြီး ကတော့ ဆရာဝန်တွေကြားထဲကနေ နွေး အနားကိုရအောင်တိုးနေတုန်းပါပဲ
YOU ARE READING
ချစ်ပုယောကျာ်းတောသားကိုကို
Romanceအခုမှစာစရေးဖူးတာပါ။ own creation ပါ။တူညီတိုက်ဆိုင်တဲ့တစုံတရာရှိခဲ့ရင်လဲ စာရေးသူရဲ့ အမှားမလို့ ကြိုပြီး တောင်းပန်ပါတယ် ကိုကို ကချစ်ပုကိုမြတ်မြတ်နိုးနိုးနဲ့ချစ်ရတာမို့ နာကျင်ဖူးတဲ့ချစ်ပုနှလုံးသားကို ကိုကို့ အတွက် အပိုင်ပေးပါလား