မျက်နှာပေါ် ကျရောက်လာသော နေရောင်ခြည်နုနုလေး နဲ့အတူ နွေး နိုးထလာခဲ့ကာ ကိုက်ခဲနေသောခေါင်းကို ကိုင်လိုက်ရင်း
" အား....ခေါင်းတွေကလဲကိုက်လိုက်တာ...''
အခန်းတံခါးအား တွန်းဖွင့်ပြီး လေအလျင်နဲ့ ဝင်လာတဲ့လူကြီးကြောင့် နွေး ခေါင်းကိုက်တာတောင်ဘယ်နားရောက်သွားမှန်းမသိ။ လက်ထဲမှာလဲ ရေဖလားတွေရော သဘက်ဆောင်တွေ နဲ့
" ခေါင်းတအားကိုက်နေသေးလား ကလေး ''
" လူကြီး... အလုပ်မသွားဘူးလား ''
" ဒီနေ့ ခွင့်ယူလိုက်တယ်လေ ချစ်ပု နေမကောင်းဘဲနဲ့ ကိုယ် ဘယ်လိုအလုပ်သွားမလဲ ''
နွေး နဖူးကို ကိုယ်ပူစမ်းဖို့ လက်လှမ်းလာတာကြောင့် နွေး ခေါင်း ကိုရှောင်လိုက်ပြီးနောက်တော့ နွေး မရှောင်မိရင်ကောင်းသားလို့တွေးလိုက်မသည်။ နွေး ယောကျာ်း အိုဗာတင်းကြီးက ရှောင်နေတဲ့ ခေါင်းကိုလက်နှစ်ဖက်နဲ့သေချာကိုင်ပြီး နဖူးကိုကိုယ်ပူစမ်းတာကလဲ နှုတ်ခမ်းနဲ့စမ်းရတယ်တဲ့။
"နည်းနည်း ကိုယ်နွေးနေသေးတယ် ဒီနေ့ဆေးထပ်သောက်ရမယ်နော် ချစ်ပုလေး ''
ဆေးဆိုတဲ့အသံကြားတာနဲ့ နွေး မျက်နှာကရှုံ့မဲ့သွားရသည်။ နွေး ကိုယ့်ကိုကိုယ် သေချာပြန်ကြည့်မိမှ ညက နွေး ဝတ်အိပ်တဲ့အကျီမဟုတ်မှန်း သိလိုက်ရတာကြောင့် မျက်လုံးပြူးသွားရသည်။
*ညကအကျီကဘယ်ကိုရောက်သွားတာလဲ မဟုတ်မှ လူကြီးက သူ့ကတိကိုဖျက်လိုက်တာလား*ဆက် ကိုကြည့်လိုက် သူမကိုယ်သူမ ပြန်ကြည့်လိုက် လုပ်နေတဲ့ကောင်မလေးကတကယ်ဘာလေးနဲ့တူနေမှန်းမသိဘူး အသည်းယားစရာကောင်းလွန်းသည်။ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ဆက် ကိုမယုံသလိုနဲ့ကြည့်နေပြီး သူမရဲ့အကျီကိုကိုင်ကာမေးငေါ့ပြနေပုံက ဆက် ရင်ထဲမှာ ကလိကလိနဲ့ဖျစ်ညှစ်ပစ်ချင်နေသည်။
" ညကချွေးတွေတအားရွှဲလာလို့ ကလေးကိုအကျီလဲပေးထားတာ ''
" ဘယ်သူလဲပေးတာလဲ ''
အိမ်ထဲမှာ ရှိတာမှလူနှစ်ယောက်ထဲကိုဘယ်သူလဲပေးတာလဲဆိုတော့ ဆက် ဘယ်လိုပြောရပါ့မလဲ။ ဆက် ကိုကြည့်နေတဲ့သူမရဲ့မျက်ဝန်းတွေက ဆက် လဲပေးထားတယ်လို့ဖြေစေချင်ပုံမရပေမဲ့ ဆက် ကလူကြီးလေမလိမ့်သင့်ဘူးဟုတ်။
YOU ARE READING
ချစ်ပုယောကျာ်းတောသားကိုကို
Romanceအခုမှစာစရေးဖူးတာပါ။ own creation ပါ။တူညီတိုက်ဆိုင်တဲ့တစုံတရာရှိခဲ့ရင်လဲ စာရေးသူရဲ့ အမှားမလို့ ကြိုပြီး တောင်းပန်ပါတယ် ကိုကို ကချစ်ပုကိုမြတ်မြတ်နိုးနိုးနဲ့ချစ်ရတာမို့ နာကျင်ဖူးတဲ့ချစ်ပုနှလုံးသားကို ကိုကို့ အတွက် အပိုင်ပေးပါလား