နေ့စဥ် တိုင်းမှာလိုလို မှိုင်တွေနေတဲ့ ချစ်ပု ကို ဆက် လဲ ကြည့်၍ သနားရသည်။ တက်ကြွနေတက်တဲ့သူမရဲ့ အပြုံးလေးတွေပျောက်ကွယ်နေခဲ့တာ ဆယ်ရက်မကတော့ ။
" ချစ်ပု... ကလေးငယ် ကိုယ်တို့ ရုပ်ရှင်သွားကြည့်မလား ချစ်ပု ကြိုက်တဲ့ ကာတွန်းကားလေးရုံတင်ထားတယ်တဲ့ ''
" ဟင့်အင်း... မကြည့်ချင်ဘူး ''
" ကလေး... ကိုယ် နဲ့ လျှောက်လည်မလား ပန်းခြံထဲမှာ အပျင်းပြေလမ်းလျှောက်မလား ''
" ဟင့်အင်း... ''
" ကလေး... ကိုယ့်ကိုကြည့်မငိုနဲ့လေနော် ကလေး အမှားမဟုတ်ပါဘူး ''
" အဟင့်...ကိုကို နွေး ရူးချင်တယ် အရမ်းပဲ နွေး အပြစ်တွေဗျ ''
ဆက် သူမရဲ့ ပါးမို့မို့ပေါ်ကမျက်ရည်စလေးတွေကိုသုတ်ပေးလိုက်ကာ
" ချစ်ပုလေး ကိုယ်တို့ ရွာမှာပြန်နေကျတော့မလား ကလေး ကိုယ်လဲအလုပ်ကထွက်ပြီးပြီလေ ဒီမှာထက်စာရင် ကလေး ဟိုမှာနေတော့စိတ်လဲမေ့မေ့ပျောက်ပျောက်ဖြစ်တာပေါ့ ''
" အင်း... သွားနေမယ်လေ ကိုကို... နွေး ကလေးပြန်ယူမှာနော် နွေး ခုထက်ပိုပြီးဂရုစိုက်မယ်သိလား ''
" အဟက်... ယူရမှာပေါ့ဗျ ကလေးအများကြီးယူမှာ ကိုယ့်ကလေးလေးက အမေဖြစ်ဖို့ထိုက်တန်ပါတယ် အများကြီး တွေးမနေနဲ့နော် အဓိကက ကလေးငယ် ကျန်းမာရေးကောင်းဖို့ပဲ ''
" ကိုကို... ချစ်တယ် ''
ဆက် ကတအားပျော်ရွှင်သွားရသည့်ပုံမျိုးနှင့် နွေး ရဲ့ မျက်ဝန်းတွေကိုသေချာစူးစိုက်ကြည့်လာကာ
" ကိုကို က ဟော့ဒီကလေးငယ်ကိုအများကြီးချစ်ရပါတယ်ဗျာ... ကလေး အခုလို ရုတ်တရက် ပြောတော့ ကိုယ့်ရင်တွေခုန်သွားရတာပေါ့လို့ ''
" ဘာမှလဲမဟုတ်ဘဲနဲ့... လူလိမ်ကြီး ''
နွေး ရဲ့ လက်ဖဝါးသေးသေးလေးကိုဆွဲယူပြီး ဆက် ရင်ဘတ်ပေါ်မှာတင်ပေးလိုက်ရင်း...
" ကိုယ့်ရင်ခုန်သံတိုင်းက မင်းလေးကြောင့် သိရဲ့လား မှိုင်တွေမနေပါနဲ့ ကလေးရယ် ကိုယ်ကမင်းလေးပြုံးနေမှစိတ်ချမ်းသာရတာမို့ပါနော် ''
YOU ARE READING
ချစ်ပုယောကျာ်းတောသားကိုကို
Romanceအခုမှစာစရေးဖူးတာပါ။ own creation ပါ။တူညီတိုက်ဆိုင်တဲ့တစုံတရာရှိခဲ့ရင်လဲ စာရေးသူရဲ့ အမှားမလို့ ကြိုပြီး တောင်းပန်ပါတယ် ကိုကို ကချစ်ပုကိုမြတ်မြတ်နိုးနိုးနဲ့ချစ်ရတာမို့ နာကျင်ဖူးတဲ့ချစ်ပုနှလုံးသားကို ကိုကို့ အတွက် အပိုင်ပေးပါလား