မနက်ဖြန် တင်ဖို့မအားလို့ဒီနေ့တင်ပေးလိုက်တယ်နော် 😍😍😍
တောသူတောင်သားတွေအဖို့ မနက်လင်းကြက်တွန်ချိန်ထဲက အိပ်ရာထတက်ကြတာသဘာဝမို့ပဲလားမသိ နေမြင့်အောင်ဘယ်သူမှမအိပ်ကြတာမို့ ဆက် တို့အကုန်နိုးနေခဲ့ကြသည်။
" မောင်ရင် ရေ... ဦး ရွာထဲမှာ ဆိုင်ကယ်ပြင်ပေးမယ့်သူသွားခေါ်ခဲ့မယ် မင်းတို့ကထမင်းကြမ်းစားပြီးစောင့်နေနှင့်... ''
" ဟုတ်... ကျေးဇူးတင်ပါတယ် ဦး ''
" မလိုဘူး... မလိုဘူး ဦး သွားလိုက်အုံးမယ် ''
အိမ်ရှင်ဦးလေးက ဆိုင်ကယ်ပြင်ဆရာသွားခေါ်တော့ ဆက် တို့လဲ ထိုလူ့အမျိုးသမီးပြင်ဆင်ပေးထားတဲ့ ထမင်းကြမ်းကိုစားဖြစ်ခဲ့ကြသည်။ တောဘက်ကတော့ အသုတ်တွေ မုန့်ဟင်းခါးတွေဘာတွေညာတွေတကူးတကသွားဝယ်ပြီးပြင်ဆင်မနေပါဘူး ငါးပိဖုတ် ငါးခြောက်ဖုတ်နဲ့ လက်ဖက်သုတ် ပဲသုတ်လောက်ရှိရင်ကိုမနက်ခင်းထမင်းကြမ်းကအတော်ကလေးပြည့်စုံနေပြီလေ။ ရေနွေးကြမ်းလေးနဲ့အလိုက်ဖက်ဆုံးပေါ့။
ဆက် က ထမင်းကြမ်းစားသောက်ပြီး အိမ်ဆရှ့ဝိုင်းထဲကိုထွက်လာခဲ့ကာ ဆိုင်ကယ်နားအရောက်တွင်တော့ အိမ်ရှေ့ကလှည်းဖြတ်သွားသည်ကိုတွေ့လိုက်ရသည်။ နွားတေံကိုမြင်ရုံနှင့်ပင် သူတို့အိမ်က နွားတွေမှန်း ဆက် တန်းသိလိုက်သည်။ လှည်းမောင်းနေသူက စိုးအောင် ပင်ဖြစ်သည်။ စိုးအောင် က ဆက် ကိုတွေ့ပုံမပေါ် နွားတွေကိုသာကြိမ်တို့လျက် လှည်းကိုမြန်မြန်မောင်းနေတော့သည်။
ခြံဝိုင်းရှေ့ကိုပြေးထွက်ရင်းမှ..." စိုးအောင်.... စိုးအောင် ဘယ်ကိုလဲ စိုးအောင် ''
" ဟာ.....ကိုဆက် ''
စိုးအောင် ကနွားတွေကိုရပ်ရန်အချပ်ပေးလိုက်တော့ လိမ္မာလိုက်တဲ့ နွားတွေဗျာ ။ ရပ်လိုက်တာမှတုန့်ခနဲနေတာပဲ။ လှည်းကိုရပ်ပြီးတာနဲ့ စိုးအောင် ကလှည်းပေါ်ကနေပြေးဆင်းလာပြီး ဆက် အနားကိုရောက်သည်နှင့်...
" လှည်းပေါ်တက် ကိုဆက်... အမြန်ပြန်မှာဖြစ်မယ်... မဝိုင်းရော ဘယ်မှာလဲ လာ ကိုဆက် မြန်မြန်လုပ်ဗျ ''
YOU ARE READING
ချစ်ပုယောကျာ်းတောသားကိုကို
Romanceအခုမှစာစရေးဖူးတာပါ။ own creation ပါ။တူညီတိုက်ဆိုင်တဲ့တစုံတရာရှိခဲ့ရင်လဲ စာရေးသူရဲ့ အမှားမလို့ ကြိုပြီး တောင်းပန်ပါတယ် ကိုကို ကချစ်ပုကိုမြတ်မြတ်နိုးနိုးနဲ့ချစ်ရတာမို့ နာကျင်ဖူးတဲ့ချစ်ပုနှလုံးသားကို ကိုကို့ အတွက် အပိုင်ပေးပါလား