ch 11

777 33 0
                                    

ဆက် မနက်အစောကြီး ထပြီး သူမလေး ရဲ့မိသားစုနဲ့တွေ့ဖို့ကို စိတ်လှုပ်ရှားပြီးရင်ခုန်နေမိသည်။ အမြဲတမ်း ပုဆိုးသာဝတ်ခဲ့ဖူးသူမို့ ထူးထူးထွေထွေ ပြင်ဆင်နေစရာတော့မလိုပါ။ လူကြီးမိဘတွေက အခုလို လူကြီးဆန်တာကိုသဘောကျလောက်မှာပါလို့ ကိုယ့်ကိုကိုယ် အားပေးနေခဲ့သည်။ နံ့သာရောင် ရှပ်လက်ရှည်နဲ့ စိမ်းပြာရောင်ယောပုဆိုး ကိုဝတ်လိုက်ပြီး တခါမှမဆွတ်ခဲ့ဖူးတဲ့ ရေမွှေးလေးနဲနဲဆွတ်လိုက်ပြီး ကတ္တီပါ ဖိနပ် နတ်ပြာလေး ကိုစီးလိုက်ကာ သူမတို့အိမ်ဘက်ကိုလာခဲ့လိုက်သည်။

" ဦး...''

သူမလေး ရဲ့ အဖေက ဆက် ကို အိမ်ရှေ့မှာထွက်စောင့်နေခဲ့သည်။ ဆက် ကိုကြည့်ကာ

" ဆက်... ဦး ပြောချင်တာက မင်း သမီးကိုတကယ်နားလည်ပေးနိုင်ပါ့မလား ''

သူမ ရဲ့ အဖေက ဆက် သူ့သမီးလေးကို နားမလည်ပေးနိုင်ပဲနဲ့ တချိန်ချိန်မှာများအပြစ်တင်လေမလားလို့ စိုးရိမ်နေပုံရသည်။

" ကျွန်တော် အမြဲတမ်း ချစ်ပု ကိုနားလည်ပေးမှာပါ ဦး...ကျွန်တော် တစ်ခုလောက်ပြောချင်လို့...''

" အင်း... ပြောလေ ''

" တကယ်လို့ဆိုတာထက် ချစ်ပု ကကျွန်တော့်ကို ငြင်းလိမ့်မယ်ဆိုတာသေချာနေပြီးသားပါ ဒါပေမဲ့ကျွန်တော့်ကိုကူညီပါနော် ချစ်ပု ကိုကူပြီးပြောပေးပါကျွန်တော်ကတိပေးတယ်ကျွန်တော့် ကြောင့်ချစ်ပု ဘယ်တော့မှစိတ်မဆင်းရဲစေရပါဘူး ''

" အေးပါကွာ... လာအိမ်ထဲကျမှဆက်ပြောကျတာပေါ့ အဖိုးတို့လဲစောင့်နေကျတယ် ''

ဆက် သူမအဖေနဲ့အတူ အိမ်ထဲသို့ဝင်လာခဲ့လိုက်လျင် မြင်လိုက်ရတဲ့လူအုပ်က ဆက် ကိုတကယ် လန့်သွားစေခဲ့သည်။ ဆက် ထင်တာက သူမအဖေနဲ့အမေ အဖိုးနဲ့အဖွား လောက်ပဲရှိနေမယ်ထင်တာ။ သူရဲ့ အကြီးဆုံးအဒေါ်လင်မယားကနေစပြီး အငယ်ဆုံးအဒေါ်မိသားစုထိအကုန်လုံးရောက်နေကျသည်။ ဆက် ကိုမြင်တော့ သူမအဖိုးက

" လာ မောင်ရင်...''

ဆက် လဲ သူမအဖိုးခေါ်ကာမှ ဧည့်ခန်းထဲမှာ ဝင်ထိုင်ဖို့သွားရုံရှိသေးတယ် ဆက် အနောက်ကနေ လူတစ်ယောက်က အမြန်ဝင်လာပြီး ဆက် ထိုင်မယ့်နေရာဝင်ထိုင်သွားတာကြောင့် ဆက် လဲ အဆင်ပြေမယ့်နေရာအလွတ်သာရှာထိုင်လိုက်ရသည်။ များလိုက်တဲ့ မိသားစုဝင်တွေ ဆက် နေရာကိုဝိုင်ထိုင်လိုက်တဲ့သူက သူမ ရဲ့ အကြီးဆုံးအဒေါ်ရဲ့ သားအကြီး ကိုထွဋ် ပင်ဖြစ်သည် ။

ချစ်ပုယောကျာ်းတောသားကိုကိုWhere stories live. Discover now