"ကိုဆက်...ပြန်တော့မလို့လား ''
" အင်း..... ''
" နေပါအုံး... ဝိုင်းကို တစ်ယောက်ထဲထားခဲ့တော့မလို့လား...''
ဆက် က ဝိုင်း ပြောသောစကားကို သိပ်ပြီးသဘောကျဟန်မရှိ။ ဝိုင်း ဆောင်းရန်ပေးထားသော ခမောက်ကို ညွှန်ပြ၍
" မင်း နေမပူအောင်ခမောက်ပေးခဲ့တယ်လေ ကိုယ်မင်းကိုကူပြီးတော့နွားရှာမပေးနိုင်တော့ဘူး အိမ်အပြန်နောက်ကျနေရင် ကိုယ့်မိန်းမစောင့်နေလိမ့်မယ် ''
" ကိုဆက် ကလည်း...ဝိုင်း ကတစ်ရွာထဲသားချင်းအကူအညီတောင်းတာပါ ပြီးတော့ ကိုဆက် တခါတလေ အိမ်ပြန်နောက်ကျရုံနဲ့ဘာမှမဖြစ်ပါဘူး ''
နှုတ်ခမ်းစူထော်နေကာပြောနေတဲ့ ဝိုင်း က ညုတုတုပုံစံဖြစ်နေသည်ဟု ဆက် ထင်မိသည်။ သူ့အဖေ ပြောသောစကားကလဲရှိသေးသည်လေ။ နွေး ထက်အရေးကြီးတာမရှိသည်မို့ လူမူရေးအရဆိုရင်တောင်သူမကူညီနိုင်ပါချေ။
" မင်း လဲအိမ်ပြန်သင့်တယ် နွားကျောင်းသားရှိတယ်မလား သူရှာလိမ့်မယ် ''
ဆက် က ပြောပြောဆိုဆိုနဲ့ လှည်းပေါ်တက်လိုက်တော့သည်။ ဆက် လှည်းပေါ်တက်တာမြင်တော့ ဝိုင်း က လှည်းအနားသို့တိုးကပ်လာရင်း...
" ကိုဆက်...ဝိုင်း ကိုဘာလို့ရှောင်ချင်နေတာလဲ ဝိုင်း က ကိုဆက် အတွက်အဲ့လောက်ထိသတိထားနေရမယ့်သူလား ဝိုင်း က အဲ့မိန်းမထက် ကိုဆက် ကိုအရင်ချစ်ခဲ့တဲ့သူပါ ကိုဆက် နဲ့အရင်ရင်းနှီးခဲ့ရတဲ့သူပါ ဘာလို့ ဥပေက္ခာပြုနေရတာလဲ ''
" ဝိုင်း... မင်း မှမဟုတ်ဘူး ဘယ်မိန်းမမဆိုကိုယ်ရှောင်တယ် ကိုယ့်မှာကာမပိုင်မိန်းမရှိတယ်စောင့်ထိန်းသင့်တဲ့စည်းတွေစောင့်ထိန်းသင့်တယ် ကိုယ်ကတော့ကိုယ့်မိန်းမတစ်ယောက်ပဲချစ်တယ် ''
" ကိုဆက်...အားးး....''
ဝိုင်း က အလိုမကျမူတွေနဲ့ ခြေကိုဆောင့်လိုက်တော့ပက်ကြားအက်နေတဲ့လယ်ကြားထဲကိုခြေထောက်ညပ်ကျသွားကာလဲကျတော့သည်။
ဆက် လဲ လှည်းပေါ်ကပြန်ဆင်းကာ ဝိုင်းအနားသို့သွား၍..." ရလား... ဘာဖြစ်သွားသေးလဲ ''
" အဟင့်... အဲ့ဒါ ကိုဆက် ကြောင့် ဝိုင်း ကို အရင်ကမျက်နှာတွေကိုထောက်ပြီးနည်းနည်းတော့ဂရုစိုက်ပေးပါအုံး အခုတော့... အဟင့် ကိုဆက် ကအရမ်းသူစိမ်းဆန်တယ်.... ''
YOU ARE READING
ချစ်ပုယောကျာ်းတောသားကိုကို
Romanceအခုမှစာစရေးဖူးတာပါ။ own creation ပါ။တူညီတိုက်ဆိုင်တဲ့တစုံတရာရှိခဲ့ရင်လဲ စာရေးသူရဲ့ အမှားမလို့ ကြိုပြီး တောင်းပန်ပါတယ် ကိုကို ကချစ်ပုကိုမြတ်မြတ်နိုးနိုးနဲ့ချစ်ရတာမို့ နာကျင်ဖူးတဲ့ချစ်ပုနှလုံးသားကို ကိုကို့ အတွက် အပိုင်ပေးပါလား