ဒီနေ့ကတော့ ဆက် ရဲ့ အိပ်မက်လေးကိုအစပြုလာတဲ့နေ့တနေ့ပေါ့။ ဆက် နဲ့ သူမလေးတို့ရဲ့ pre wedding photo ရိုက်မယ့်နေ့ ။ သူမ က wedding photo မရိုက်ချင်ဘူးဆိုပြီးငြင်းနေခဲ့ပေမဲ့ နောက်ဆုံးတော့ ဆက် အမေရဲ့ချော့မော့ပြောတဲ့ အပြောလေးကြောင့်လက်ခံပေးခဲ့သည်လေ။ တကယ်တော့ ဆက် အမေကစကားပြောမကောင်းပါဘူး။ ရွာမှာဆိုရင် ဆက် အမေကစကားပြောလို့လွယ်တဲထဲမှာမပါဘူးရယ်။ စိတ်ရင်းကောင်းပြီး အပေးအကမ်းရက်ရောတက်ပေမဲ့ စကားပြောရင်တော့ နဲနဲတုံးတိဆန်ချင်တယ်။ ဒါပေမဲ့ သူမလေးကိုကျတော့ အရမ်းစိတ်ရှည်ပြီး ချော့တက်တယ် ရယ်စရာတွေလဲပြောပြတက်တယ်။ ဆက် တောင်သူ့အမေရဲ့ခုလိုပုံစံကိုသိပ်မမြင်ဖူးခဲ့ဘူးလေ။ သူမလေးကလဲ ဆက် အမေကိုစိတ်ထဲမပါပေမဲ့ ဟန်ဆောင်ပြီးဆက်ဆံပေးနေတဲ့အတွက် ဆက် ကျေနပ်ပါသည်။
Photo studio မှာ မြန်မာရိုးရာ ထိုင်မသိမ်း မဂ်လာဝတ်စုံနဲ့ ရိုက်ခဲ့ပြီး အနောက်တိုင်း ဝတ်စုံနဲ့ ကိုတော့ outdoor ရိုက်ခဲ့ဖို့ရွေးလိုက်တယ်။ wedding dress ဂါဝန်ကိုတော့ သူမအမေနဲ့ မီ တို့ကရွေးပေးခဲ့ကြသည်။ အဖြူရောင် ဂါဝန်ရှည်ကားကားလေးမှာစိန်မှုန်လေးတွေကတလက်လက်နဲ့တောက်ပနေပြီး တခြားဂါဝန်တွေလိုမျိုးလည်ပင်းဟိုက်တာနဲ့ ရင်ဘတ်ကိုပေါ်လွင်နေတာမျိုးမဟုတ်ဘဲ လည်တိုင်ထိစေ့ပိတ်ထားတဲ့ဇာပန်းပွင့်လေးတွေနဲ့လက်ကိုအရှည်ချုပ်ထားတာကို ဆက် ပိုပြီးသဘောကျသည်။
YOU ARE READING
ချစ်ပုယောကျာ်းတောသားကိုကို
Romanceအခုမှစာစရေးဖူးတာပါ။ own creation ပါ။တူညီတိုက်ဆိုင်တဲ့တစုံတရာရှိခဲ့ရင်လဲ စာရေးသူရဲ့ အမှားမလို့ ကြိုပြီး တောင်းပန်ပါတယ် ကိုကို ကချစ်ပုကိုမြတ်မြတ်နိုးနိုးနဲ့ချစ်ရတာမို့ နာကျင်ဖူးတဲ့ချစ်ပုနှလုံးသားကို ကိုကို့ အတွက် အပိုင်ပေးပါလား