" ဒေါက်တာ.... မိန်းကလေး လား ယောကျာ်းလေးလား ''
" ရှင်... အဲ့ဒါ သိရဖို့ကစောသေးတယ်ရှင့် အနည်းဆုံး ၅ လလောက်မှ သေချာသိရမှာ''
လက်ထဲက Ultrasound စာရွက်လေးကိုင်ပြီး စိတ်လှုပ်ရှားနေတဲ့ ဆက် ကို ဆရာဝန် လဲ ကိုယ်ဝန်စောင့်ရှောက်မူနဲ့ သင်ဆိုင်သမျှသိလိုသမျှတွေအကုန်ဖြေပေးနေခဲ့တာမို့ နွေး နားသာထောင်နေရတယ် စိတ်ကတော့သိပ်မပါ။ ဆေးရုံ ကဆေးအနံ့တွေက သူမ ရဲ့ အန်ချင်စိတ်ကိုပိုတိုးစေနေသည်။
" ကိုယ်ဝန်ဆောင်သည် အနေနဲ့လဲပိုပြီးဂရုစိုက်ရပါမယ် သောက်ရမယ့်သံဓာတ်အားဆေးနဲ့ ကိုယ်ဝန်ဆောင်အားဆေးတွေကိုပုံမှန်သောက်ပေးရမယ် အိပ်ရေးဝအောင် အိပ်ပြီး အားရှိတာတွေစားပါ''
" ဟုတ်ကဲ့.... ''
" ပျို့အန်တာ သက်သာဖို့အတွက် ကျွန်မ ဆေးပေးလိုက်မယ် ''
" ဟုတ်... ကျေးဇူးပါ ဒေါက်တာ ''
ဆက် တို့ ဆေးရုံကနေပြန်လာခဲ့ပြီးအိမ်ရောက်လျှင် ဆက် မိဘများက ရောက်နေခဲ့လေသည်။ ဘယ်လောက်တောင်မှ ဝမ်းသာနေသလဲဆိုတာ မျက်နှာတွေကိုကြည့်ရုံဖြင့်ပင်သိသာနေသည်။
" အမေ နဲ့ အဖေ လာမယ်ဆိုရင် ဖုန်းတော့မဆက်ဘူး သား လာကြိုမှာပေါ့ ''
" အမေ တို့ ရထားနဲ့လာတာ ဘာမှအပန်းမကြီးပါဘူး လူလေးရယ်''
" သမီး... နေကောင်းလား ''
" ဟုတ်... ကောင်းပါတယ် အဖေ ''
" လူလေး အလုပ်ကရော အခြေအနေ ဘယ်လိုလဲ ''
" နောက်တပါတ်လောက်နေရင် အစားထိုးမယ့်သူရောက်လာတော့မှာ သား တို့ ရွာမှာ ပြန်နေဖို့အကုန်စီစဥ်ပြီးပြီ အဖေ''
" အေး... အေး မင်းတို့ မြန်မြန်ပြန်လာနေမှပဲ မဟုတ်ရင် တနေ့တနေ့မင်းအမေ မင်းတို့ကိုမျှော်ရတာလည်ပင်းညောင်ရေအိုးဖြစ်တော့မယ် လူလေးရေ ''
" အော်...ရှင်ကတော့မမျှော်ဘူးပေါ့ ''
" ငါ့ထက် မင်းက ပိုဆိုးပါတယ်ကွာ ''
ဆက် အမေ နဲ့ အဖေ တစ်ယောက်တပြန် ငြင်းနေတာကိုကြည့်၍ ဆက် တို့လဲပြုံးနေရပြန်ပါ၏
YOU ARE READING
ချစ်ပုယောကျာ်းတောသားကိုကို
Romanceအခုမှစာစရေးဖူးတာပါ။ own creation ပါ။တူညီတိုက်ဆိုင်တဲ့တစုံတရာရှိခဲ့ရင်လဲ စာရေးသူရဲ့ အမှားမလို့ ကြိုပြီး တောင်းပန်ပါတယ် ကိုကို ကချစ်ပုကိုမြတ်မြတ်နိုးနိုးနဲ့ချစ်ရတာမို့ နာကျင်ဖူးတဲ့ချစ်ပုနှလုံးသားကို ကိုကို့ အတွက် အပိုင်ပေးပါလား