ch 43

687 33 0
                                    

နွေးတို့တွေ ညစာစားပြီးချိန်မှာတော့ ဆက် အမေက သစ်သားသေတ္တာအနီလေးကိုယူလာကာ...

" သမီး... ဘယ်ဟာကြိုက်လဲ ''

" ဗျာ... ဘာဖြစ်လို့လဲ အမေ ''

" မနက်ဖြန် အလှူမှာဝတ်ရအောင်လို့လေသမီးရဲ့... ''

" နွေး မှာလဲရှိပါတယ် အမေရဲ့ နွေး အဲ့လိုတွေမဝတ်ချင်လို့ပါ ''

သေတ္တာ လေးထဲကနေ ရွှေဆွဲကြိုးကြီးတွေ ကျောက်စီနားကပ်ကြီးတွေကို နွေး ဝတ်ဖို့ပေးနေတာကြောင့် နွေး ငြင်းဆန်မိသည်။ နွေးကိုဝယ်ပေးထားတဲ့ လက်ဝတ်လက်စားတွေလဲရှိနေတာပဲ နွေး ကိုကအဲ့လိုတွေဝတ်ရတာကိုမကြိုက်ခြင်းသာ။

" ဘယ်ဟုတ်မလဲ သမီးရဲ့ မနက်ဖြန်ကျရင် ဒီရွာကတင်မဟုတ်ဘူး တခြားရွာတွေကလဲလာကျမှ သမီးက ဘာမှဝတ်မထားရင် အမေ့သမီးကိုသူများတွေကအထင်သေးနေလိမ့်မယ် ''

" နွေး မှာရှိတဲ့ဟာပဲ ဝတ်လိုက်မယ်လေ ဒါတွေကိုအမေပဲဝတ်ပါ နွေး ကကိစ္စမရှိပါဘူး ''

" ဟုတ်သား မအေးစန်း ရယ် မင့်ပစ္စည်းတွေကမင့်အမေလက်ထက်ထဲကဟာတွေလေကွာ သမီးနဲ့ ဘယ်လိုလုပ်လိုက်မလဲကွ ဟေ့ သမီး မနက်ဖြန်ကျရင် အဖေတို့သမီးအတွက်ဝယ်ပေးထားတာတွေသာအကုန်ဝတ်လာခဲ့ကြားလား... ''

" ဗျာ...''

ဆက် အဖေနဲ့ အမေက နွေး မဝတ်ချင်ဘူး ပြော၍ရမည့်ပုံမပေါ်ပေ။ ဆက် ကို အကူအညီ တောင်းသလိုကြည့်မိလိုက်တော့ ဆက် ကလဲဝတ်စေချင်ပါ၏ ပကာသနဆိုတာထက် မိဘတွေစိတ်ကျေနပ်စေချင်ပါသည်။ နွေး ဆက်ကို ကြည့်လိုက်တော့ ဆက် ကခေါင်းညိတ်ပြနေတာမို့...

" ဟုတ်... သမီး မနက်ဖြန်ကျရင် ဝတ်လိုက်ပါ့မယ် ''

" အေး အေး... အဲ့ဒါ ကောင်းတယ် စောစောအိပ်ကျတော့ မနက်ဘုန်းကြီးကျောင်းကိုစောစောလေးသွားရအောင်လို့ ''

" ဟုတ်... အဖေ ''

ဆက် တို့တွေစောစောအိပ်ရာဝင်ခဲ့ကြသည်။ အခန်းထဲကိုရောက်တော့...

" ကိုကို... ရှိတာအကုန်ဝတ်သွားရမှာလား ''

" အကုန်ဝတ်သွားစရာမလိုပါဘူး... ချစ်ပု အတွက် ပြည့်စုံတယ်ဆိုရုံလောက်ဝတ်လဲရပါတယ် မဝတ်ဘဲတော့မနေနဲ့ပေါ့ ချစ်ပုရဲ့ ''

ချစ်ပုယောကျာ်းတောသားကိုကိုWhere stories live. Discover now