ch 46

733 34 6
                                    

နေ့လည်ခင်း လယ်ထဲကပြန်တက်လာတော့ ကွပ်ပျစ်မှာထိုင်ကာ ဆက် ပြန်အလာကိုစောင့်နေတဲ့ ချစ်ပု ကို မြင်ရသည်က ဆက် အတွက်တော့ အမောပြေဆေးလေးပါလေ။

" ချစ်ပု..... ''

"ကိုကို... ပြန်လာတာနောက်ကျလိုက်တာ ''

" ပဲခင်းတွေကို ဆေးဖြန်းနေတာ ကလေး က ကိုယ့်ကို စောင့်နေတာလား ''

" အင်းပေါ့... ''

လှည်းထောက်ကာ နွားတွေကို တံပိုးတုံးမှဖြုတ်ပေးရင်း ချည်တိုင်မှာချည်နေသော ဆက် အနားမှနေ၍ နွေး က

" ကိုကို... ''

" ဗျာ... ''

" နောက်နေ့ကျရင်လေ နွေး လယ်ထဲကိုထမင်းလိုက်ပို့မယ်လေ ကိုကို ပြန်ရတာ နေလဲပူတယ်ဝေးတော့ပင်ပန်းတယ်လေ ကိုကို ရဲ့..... ''

နွား တွေကို ရေသောက်ဖို့လုပ်ပေးနေတဲ့ ဆက် က ချစ်ဇနီး ၏ စကားကြောင့် အံ့သြဟန်မပြပေမဲ့ တွေးတွေးဆဆနဲ့ ချစ်ပု ကို ကြည့်လာကာ

" ဘယ်ဖြစ်မလဲ ကလေး ရဲ့ နေတအားပူတယ်လေ ပြီးတော့ လယ်ကန်သင်းရိုးတွေကညီတာမဟုတ်ဘူး ကလေး ခြေထောက်နာလိမ့်မယ် ကိုယ် အိမ်ပြန်ပြီး ထမင်းစားရတာကပိုအဆင်ပြေပါတယ် ''

" ဟွန်း....... ''

စူပုတ်သွားတဲ့ မျက်နှာလေးက ဆက် ကိုမကြည်ကြည့်နဲ့ကြည့်နေတာကြောင့် နွေး ပါးပြင်ဖွေးဖွေးလေးအပေါ်မှာ ဆက် အနမ်းခြွေရင်း ရွှေစိတ်တော်မညှိုးအောင်ချော့ရပေအုံးမည်။

" ကိုယ့်အတွက် တွေးပေးတယ်ဆိုရုံနဲ့တင် နေအပူကအေးချမ်းသွားသလိုပါပဲ ချစ်ပုရယ် ကိုယ်ပဲအပူခံအပင်ပန်းခံပါ့မယ် ကလေးငယ် က အိမ်မှာပဲနေပြီး ကိုယ့်အမောပြေဆေးလေးလုပ်နေရင်ရပြီလေ.... ''

" ဒါတော့ဒါပေါ့... ထူး တောင် နောင်နောင် ကို ထမင်းလိုက်ပို့တယ်လေ နွေး လဲ ကိုကို့ အတွက် လုပ်ပေးချင်တာပေါ့လို့ ''

"အဲ့ဒါ သူ့ယောကျ်ားက ကိုယ် ကလေးကိုချစ်သလိုမချစ်လို့ လိုက်ပို့ခိုင်းတာ ကိုယ်က ချစ်ပုကို အရမ်းချစ်တာလေ သိတယ်မလား ''

" သိဘူး.....''

" သိလိုက်ပါ... နော် ကိုယ့် အမောပြေလေး ပေးပါအုံး ''

ချစ်ပုယောကျာ်းတောသားကိုကိုWhere stories live. Discover now