ဆက် ရန်ကုန်မှာ ၃ ရက်လောက်ပဲကြာမည်မှန်းထားခဲ့ပေမဲ့ ထင်တာထက်ပိုကြာသွားကာ ၅ ရက်ကြာသွားခဲ့သည်။ ချစ်ပုကလဲ ဖုန်းထဲကနေပြောမရတဲ့ကိစ္စတစ်ခု ပြန်လာရင်ပြောစရာရှိတယ်ဆိုတာကြောင့်ပြန်ဖို့ကိုသာစိတ်လောနေခဲ့သည်။ အလုပ်ထွက်စာတင်ပြန်တော့လဲအဆင်မပြေ အလုပ်ကထွက်မရသေးဘူးတဲ့ ဆက် နေရာကိုလူစားထိုးမန်နေဂျာတစ်ယောက်ရှာရမှ ဆက် အလုပ်ထွက်လို့ရမည်ဖြစ်သည်။ ဆက် ပြန်လာတော့ ချစ်ပုကိုလဲစချင်တာမို့အကြောင်းမကြားတော့ဘဲ ကားဂိတ်ကနေ ဆိုင်ကယ်ငှားပြီးပြန်လာခဲ့လိုက်သည်။ ချစ်ဇနီးကို surprise လုပ်ဖို့တိတ်တိတ်လေးပြန်လာခဲ့တဲ့ ဆက် ဘယ်သူထင်မှာလဲ သူပြန်ပြီး surprise ဖြစ်သွားမယ်လို့.......
ဆက် အိမ်ရှေ့မှာ ဆိုင်ကယ်ရပ်သံကြားရင် ချစ်ပု သိမှာစိုး၍ လမ်းထိတ်အဝင်မှာတင် ဆိုင်ကယ်ရပ်ခိုင်းပြီး လမ်းလျှောက်ပြန်လာခဲ့သည်။ ခြံတံခါးကလဲဖွင့်ထားသည်မို့ ဆက် ခြံထဲသို့ဝင်လိုက်လျှင်ပဲ ဆက် ကမ္ဘာကြီး ပြောင်းပြန်ဖြစ်သွားရသည်။ အိမ်ဘေးမှာ အကျီတွေလှန်းနေတဲ့ ယောကျာ်းလေးတစ်ယောက် ပုဆိုးကတိုတိုဝတ်ထားပြီး အပေါ်ပိုင်းကဗလာကျင်းလျက် ဆက် သေချာကြည့်နေသော်လဲ နွေး ရဲ့ မောင်တွေလဲမဟုတ် ဘယ်သူလဲ...." ဟေ့....မင်း ဘယ်သူလဲ ငါ့အိမ်ထဲဘယ်လိုလုပ်ရောက်နေတာလဲ ''
" ဗျာ.....''
" မင်း ကိုမေးနေတာ ငါ့အိမ်ထဲမှာဘာလုပ်နေတာလဲ ''
"အစ်ကိုက ကိုဆက်မလား ကျွန်တော့်ကိုမသိဘူးလား''
မသိလို့ ဘယ်သူလဲမေးတာကိုမသိဘူးလားဆိုတော့ ဆက် ဘယ်လိုဖြေရမလဲ အခုတောင် လူကဒေါသငယ်ထိပ်ရောက်နေပြီဖြစ်သည်။ ဆက် အိမ်မှာ မရှိတဲ့ ၅ ရက်တာလေးမှာ အိမ်ထဲမှာ အကျီချွတ်နဲ့ လူတစ်ယောက် ရောက်နေလေသည်။ အမောပြေ ချစ်ဇနီး ရဲ့ မျက်နှာလေးတောင်မတွေ့ရပါပဲ အမောဆို့ရသည့်အဖြစ်...
" မင်း ဘယ်သူလဲ....ချစ်ပုရော မင်း ငါ့အိမ်ထဲမှာဘာဝင်လုပ်နေတာလဲလို့ မေးနေတယ်လေ ငါ့မိန်းမရော''
" ကိုဆက်..... ''
" ဖိုးထူး....ဖိုးထူး မင်းကရော ဒီကိုဘယ်လိုလုပ်ပြီးရောက်နေတာလဲ''
YOU ARE READING
ချစ်ပုယောကျာ်းတောသားကိုကို
Romanceအခုမှစာစရေးဖူးတာပါ။ own creation ပါ။တူညီတိုက်ဆိုင်တဲ့တစုံတရာရှိခဲ့ရင်လဲ စာရေးသူရဲ့ အမှားမလို့ ကြိုပြီး တောင်းပန်ပါတယ် ကိုကို ကချစ်ပုကိုမြတ်မြတ်နိုးနိုးနဲ့ချစ်ရတာမို့ နာကျင်ဖူးတဲ့ချစ်ပုနှလုံးသားကို ကိုကို့ အတွက် အပိုင်ပေးပါလား