ch 37

758 35 1
                                    

ထူး တို့ ကိစ္စတွေလဲအကုန်ပြီးစီးသွားတော့ နွေးတို့ မြို့ကိုပြန်ခဲ့ကြသည်။ ပြန်ခါနီး ဆက် မိဘတွေကထုံးစံအတိုင်း ရွာမှာပြန်နေဖို့ကိုမေးလာကြတာမို့ ဆက် အလုပ်ကိုလူစားထိုးပေးမယ့်သူရောက်တာနဲ့ ရွာကိုပြန်ခဲ့မှာဖြစ်ကြောင်းပြောကာ မြို့ကိုပြန်လာခဲ့ကြသည်။

" ချစ်ပုရေ....''

" ဗျာ... လာပြီ ကိုကိုရေ''

ဆက် အလုပ်ကမထွက်ရသေးခင်တော့ နေ့စဥ်တိုင်းအလုပ်သွားဖို့လိုအပ်သေးတာမို့ ဆက် မတက်စောစောအလုပ်မသွားခင် ချစ်ဇနီး ကိုအနမ်းမိုးလေးစွေပေးရင်းမှ...

" ကိုယ် ညနေ ပြန်ရင် ဘာဝယ်ခဲ့ရမလဲ ကလေး''

" နဂါးမောက်သီး စားချင်တယ် ပြီးတော့ ထောပတ်သီး ဖျော်ရည်လဲဝယ်လာအုံး နောက်ပြီးတော့ ညစျေးဘက်ကိုရောက်ရင် မုန့်လင်မယားရယ် ငါးကင်လဲဝယ်လာခဲ့အုံး ပြီးတော့.... ပြီးတော့ စဥ်းစားလို့ရရင် ဖုန်းဆက်လိုက်မယ်''

" ဟုတ်ကဲ့ပါဗျာ ... စားချင်သမျှကိုသေချာစဥ်းစားပြီးဖုန်းဆက်လိုက်နော်''

" အင်း.... ကိုကို သိလား နွေး လေ အခုတလောအရမ်းစားလာသလိုပဲ''

" စားတော့အားရှိတာပေါ့ အများကြီးစားလို့ဝလာလဲ ကိုယ်က ချစ်ပြီးသား ''

" ပြီးကျမှ အိမ်ကဝက်လေးဘာလေးနဲ့အပြင်မှာ small ရှာကြည့် နွေး အကြောင်းသိသွားမယ် ဘာမှတ်နေလဲ ''

" ကိုယ့် အချစ်လေးလို့မှတ်ပါတယ်ဗျ ကဲ ကိုယ် သွားတော့မယ် ''

" ဟုတ်... ''

" အလိမ္မာတုံးလေး... ''

ဆက် အလုပ်ကိုသွားတာနဲ့ နွေးလဲ ပြန်အိပ်ဖို့အတွက် အခန်းထဲဝင်တော့သည်။ ဆက် အလူပ်သွားတာနဲ့ နွေး ထပ်ပြီး ပြန်အိပ်နေကျဆိုပေမဲ့အခုတလော နွေး အအိပ်မက်သလိုအစားလဲမက်လာသည်။ အရင်ကအစားမက်တယ်ဆိုပေမဲ့အခုတလောပိုပြီးစားလာသလိုပဲ ပါးစပ်နဲ့အစားနဲ့ကိုမပြတ်ဘဲစားချင်နေသလိုပိုပြီးတော့လဲအပျင်းကြီးလာသည်။
..............................................................

" ကိုဆက်... ''

" အင်း ပြောလေ ယု.... ''

" ကိုဆက် အလုပ်ထွက်စာတင်ထားတယ်ဆို ''

ချစ်ပုယောကျာ်းတောသားကိုကိုWhere stories live. Discover now