ch 16

779 39 0
                                    

ပြန်ဖို့အတွက် လူတိုင်းက ကားပေါ်ကိုပစ္စည်းတွေတင်နေချိန်မှာ အထုတ်အပိုးတွေသယ်ပြီးထွက်လာတဲ့ ဆက် ကိုမြင်လျင်

" ဆက် သားတို့ကနေခဲ့မှာမဟုတ်ဘူးလား ''

" မဟုတ်ဘူး အမေ...ကျွန်တော် အလုပ်ကလဲတာဝန်လွှဲမပေးရသေးလို့ ခနတော့ မြို့မှာပဲလိုက်နေလိုက်မလို့...''

နွေး မေမေက လူကြီး ကိုနေခဲ့မှာမဟုတ်ဘူးလား လို့မေးချိန် လူကြီး ပြန်ဖြေတာကြားမိတော့ နွေး လူကြီးကိုလှမ်းကြည့်မိလိုက်သည်။ လူကြီးကလဲ ညာပြောတက်တာပဲလား ။ ဒါနဲ့လေ လူကြီးက နွေး မေမေ ကိုအမေလို့ခေါ်လိုက်တယ်တဲ့ ။

" လူလေး သမီးလေး ကိုလဲဂရုစိုက်ကြားလား ရွာကိုလဲမြန်မြန်ပြန်လာခဲ့ ''

" ဟုတ် အမေ....''

" သမီးလေး လဲကျန်းမာရေးဂရုစိုက်နော် လူလေးက သမီးကိုအနိုင်ကျင့်ရင် အမေကိုပြော ချက်ချင်းလိုက်လာခဲ့မယ် ကြားလား ''

" ဟုတ် ကျေးဇူးတင်ပါတယ် ''

" အယ်... ဘာကျေးဇူးလဲ မလိုတာတွေ သားအမိတွေဖြစ်နေပြီမလိုဘူး ''

" အဖေ သွားတော့မယ်နော်... ''

ဆက် လဲ အဖေ့ကိုနှုတ်ဆက်လိုက်တော့ အဖေကတော့ မျှော်လင့်တကြီးနဲ့

" လူလေး အကြာကြီးတော့မနေနဲ့နော် ''

" ဟုတ်...အဖေ တို့လဲ ကျန်းမာရေး ဂရုစိုက်နော် ''

ချစ်ပု မိသားစုတွေကလဲ ဆက် မိဘတွေနဲ့ ဘကြီးတို့ အရီးလေး တို့ကို နှုတ်ဆက်ကြပြီး ကားထွက်တဲ့ထိ ဆက် အမေကတော့ တကြည့်ကြည့်နဲ့ပင်။ ချစ်ပု ကတော့ ဆက် ကိုအားနာသလိုအကြည့်နဲ့ကြည့်နေသည်။

" လူကြီး နွေး...ကျေးဇူးတင်ပါတယ် ''

" မလိုပါဘူး... ကလေး စိတ်ချမ်းသာရင်ကိုယ်ကျေနပ်ပါတယ် ''

ဆက် တို့ရွာကနေ နေ့လည်ထမင်းစားပြီးချိန်လောက်ထွက်လာတာ​ကြောင့် မြို့ကိုညနေမှောင်ခါနီးမှ ရောက်ခဲ့ကျသည်။ အိမ်ကိုရောက်တာနဲ့ အဖိုးနဲ့အဖွားရယ် ကလေးတွေရယ်က ဆင်းကျန်ခဲ့ပြီး သူမမိဘတွေနဲ့အဒေါ်တွေဦးလေးတွေကတော့သူတို့အိမ်ကိုတန်းပြန်သွားကြသည်။

ချစ်ပုယောကျာ်းတောသားကိုကိုWhere stories live. Discover now