ch 17

740 35 0
                                    

ဆက် အိမ်ပြန်ရောက်ရင် သူမလေး မျက်နှာမြင်မှအမောပြေရတာမို့ အပြင်ကပြန်လာတိုင်း ချစ်ဇနီး ကိုရှာရတာက အလုပ်တစ်ခုလိုပင်။

"ချစ်ပုရေ...ကလေးငယ် ''

" လူကြီး.... ''

ဆက် အသံလာရာကို လိုက်ရှာပေမဲ့ ချစ်ပု ကိုရှာမတွေ့တာကြောင့်

" ချစ်ပု... ချစ်ပုလေး...''

" လူကြီးရေ ဒီမှာပါဆိုဗျာ...''

ဆက် ကအောက်မှာလိုက်ရှာပေမဲ့ ဆက် ရဲ့ ချစ်မဝလေးကတော့ သရက်ပင်ပေါ် ရောက်နေပါသည်။ သရက်ပင်ခွကြားမှာထိုင်နေကာ လက်ထဲမှာလဲ သရက်သီးအတွဲလိုက်နဲ့ သူမလေး

" မျောက်မလေး အပင်ပေါ်ဘာလို့တက်နေရတာလဲ မတော်လို့ ပြုတ်ကျရင် ဟော့ဒီက မျောက်ထီးကြီး ပဲ ရင်ကျိုးရမှာဗျ သိလား ''

" အဟားးးး....ဟားးးး.....''

ဆက် ရဲ့ စကားကို သဘောကျပြီး အော်ရယ်နေတဲ့ ကောင်မလေး မိန်းကလေးဆန်ပုံကတော့ ရယ်သံကဘေးအိမ်တွေပါကြားရလောက်သည်။

" အဲ့မှာ ငြိမ်ငြိမ်လေးထိုင်နေဟုတ်ပြီလား ကိုယ် လှေကားသွားယူအုံးမယ် ''

ဆက် လှေကားသွားယူလာပြီး သရက်ပင်မှာကပ်ထောင်လိုက်ကာ လှေကားကို ကိုင်ထားပေးရင်း သူမလေး ကိုဖြေးဖြေးချင်းဆင်းခိုင်းလိုက်သည်။ လက်ထဲက သရက်သီးတွဲကို ဆက် ကယူမယ်လုပ်လျင်

" ဘာလုပ်မလို့လဲ မပေးဘူးနော် သူများစားချင်လို့တက်ခူးထားတာကို ''

" မင်းလေးစားဖို့ပဲ ကိုယ်သေချာသုတ်ပေးမလို့လေ မင်းဘာသာသုတ်ရင်ငရုပ်သီးအများကြီးထည့်မှာမလား ကလေးရဲ့ ''

" ပြီးရော... ''

ဆက် လက်ထဲသရက်သီးတွဲကိုထည့်ပေးလိုက်တဲ့ သူမလေး ရဲ့ လက်ကိုမလွှတ်ပဲ အိမ်ထဲကိုဆွဲခေါ်လာခဲ့လိုက်သည်။

" သရက်ပင်ပေါ် ဘာလို့တက်ရတာလဲ ကလေးရဲ့ ကိုယ်ပြန်လာရင်ခူးပေးမှာပေါ့ မိုးရွာထားတာလေ သရက်ပင်ပေါ် ကချော်ပြီးပြုတ်ကျရင် ကိုယ်ရင်ကျိုးလိမ့်မယ်သိရဲ့လား ကလေးငယ်''

" လူကြီးကလဲ အမြဲတမ်း အိုဗာတင်း ဖျော်နေတာပဲ ကောင်းကောင်းလေး သုတ်ထားလိုက်နော် နွေး စုစု နဲ့ မီ့ ကိုသွားခေါ်လိုက်အုံးမယ် ''

ချစ်ပုယောကျာ်းတောသားကိုကိုWhere stories live. Discover now