ch 27

874 37 3
                                    

သီတင်းကျွတ် လပြည့်နေ့မို့အိမ်တိုင်းအိမ်တိုင်းက ဆီမီးတွေပူဇော်နေကြပုံမှာလှပလွန်းသည်။ နွေး တို့ညနေစောင်းမှာပဲညစာကိုစောစောစားဖြစ်ခဲ့ကြပြီး လူကြီး အမေနဲ့ နွေးက ဘုရားစင်နဲ့ ရွာဓလေ့လို့ပြောရမလား ရှေးလူကြီးတွေရဲ့အယူအဆလို့ပြောရမလားတော့မသိပေမဲ့ နတ်စင်တွေ ရေအိုးစင် ကျောက်ပြင်နဲ့ မီးဖိုချောင်ကမီးဖိုပါမကျန် ဆီမီးလိုက်ပူဇော်ခဲ့ကြပြီး ခြံထဲမှာလဲ ခြံဝိုင်းအဝင်ကနေပြီး ဆီမီးတွေလိုက်ထွန်းထားသည်မို့ ကြည့်ကောင်းသလိုဆီမီးညီညီထွန်းထားသည်ကလှလွန်းနေသည်။

" လူလေး သမီးကိုရွာထဲလိုက်ပြလိုက်ပါလား ရွာထဲမှာကပိုပျော်ဖို့ကောင်းတယ်သမီးရဲ့ အမေတို့အိမ်က နည်းနည်းလှမ်းတော့ တစ်အိမ်ထဲဖြစ်နေတာ ရွာထဲမှာကျတော့အကုန်လုံးကစုပြီးမီးပူဇော်ကြတာလေ''

" ရွာထဲကိုသွားကြည့်ချင်လား ချစ်ပုလေး ''

" အင်း သွားမယ်လေ''

လူကြီး အမေကရွာထဲကမှာ ကလေးတွေဆော့နေတာမို့ပျော်ဖို့ကောင်းကြောင်းနဲ့ ဆီမီးတွေထွန်းထားတာကလှကြောင်းကိုပြောပြနေတာကြောင့် နွေး လူကြီးနဲ့ ရွာထဲကိုသွားဖြစ်ခဲ့ကြသည်။
နွေး တို့ ခြံကြီးကုန်းရဲ့ လေးက တောအုပ်ကလေးနဲ့လမ်းလေးကိုဖြတ်ပြီး ရွာထဲရောက်တာနဲ့ နွေး အံ့သြသွားရသည်။ ရွာလမ်းတလျှောက်မှာ ထွန်းထားတဲ့မီးအိမ်ပုံစံလေးတွေက အလှမီးအိမ်တွေမဟုတ်ဘဲ ကိုယ်တိုင်လုပ်ထားတဲ့ သစ်ရွက်မီးအိမ်လေးတွေကိုလမ်းတလျောက်မှာအကွာအဝေးညီညီနဲ့ ဟိုဘက်ဒီဘက်ထွန်းထားသည်မှာတရွာလုံးပင်ဖြစ်သည်။

" လူကြီး ဒီမီးအိမ်တွေကဘယ်လိုလုပ်ထားတာလဲ သစ်ရွက်ကိုမီးမစွဲဘူးလား ''

" ကိုယ်တို့ရွာမှာက ဒီလိုမီးအိမ်တွေကိုနှစ်တိုင်းလုပ်တယ်ကလေးငယ်ရဲ့ လူပျိုအပျိုတွေအကုန်စုပြီးလုပ်ထားကြတာလေ သီတင်းကျွတ်လပြည့်မတိုင်ခင်၁ရက်လုံးလုပ်ထားရတာလေ ''

" လူကြီး ဒီလမ်းတလျှောက်လုံးကမီးအိမ်တွေအကုန်လုံးကသစ်ရွက်တွေနဲ့ချည်းပဲနော်''

" ဗံဒါရွက်တွေနဲ့လုပ်ထားတာလေ ကာလသားတွေစုပြီး ဗံဒါရွက်တွေနဲ့ ရွှံ့စေးတွေလိုက်ရှာရတယ် အပျိုတွေက အဲ့ရွှံ့စေးတွေကိုသေချာပြန်ပြီးလုပ်ပြီးဗံဒါရွက်တွေကိုရွှံ့ပြားလေးတေပေါ်မှာအ​ရွက်လေးရွက်ကိုမီးအိမ်ပုံစံလုပ်တာလေ မီးမစွဲဘူးလားဆိုတော့သစ်ရွက်အစိုမို့မီးစွဲဖို့မလွယ်ဘူးလေ အထဲမှာထည့်ထွန်းတဲ့ဖယောင်းတိုင်ကလဲရောင်စုံဖယောင်းတိုင်သေးသေးလေးတွေဆိုတော့မီးအားမပြင်းဘူးလေ ကလေးရဲ့ ''

ချစ်ပုယောကျာ်းတောသားကိုကိုWhere stories live. Discover now