ပဲအိတ်တွေနဲ့ ကွမ်းရွက်တွေကို ကားပေါ်တင်နေကျတဲ့ လူတွေကိုကြည့်ပြီး ဆက် အဖေ ဦးထွန်း ကကြီးကြပ်နေသလို စိုးအောင်ကလဲသေချာစစ်ဆေးပေးနေလေသည်။
ရေနွေးကြမ်း တစ်ကျိုက်ကိုမော့သောက်လိုက်ရင်းမှ ဒေါ်အေးစန်း ကလဲ ဆက် အဖေကိုကြည့်လာကာ..." တော်...မြို့ကိုဖုန်းကြိုဆက်ထားအုံးနော် လူလေးသွားမှစကားပြောနေရရင်နေမမြင့်သင့်ဘဲနေမြင့်နေလိမ့်မယ် ''
" အိုကွာ... ငါ့အလုပ်ငါသိပါတယ် မင်းမလဲ ''
" ကျုပ်က လူလေး အဆင်ပြေအောင်လို့တော်ရေ...''
" မင်းသားက ကလေးမဟုတ်ဘူး ရှင်အေးစန်း ဒီအလုပ်တွေကအရင်ထဲကသူလုပ်လာတာတွေ...မင်း အဖြစ်မသည်းစမ်းနဲ့ကွာ ''
" တော် လာမယ် ပြောထားပြီးမှ လူလေး လာရင် ပွဲရုံကလူတွေနဲ့စကားပြောနေရမှာစိုးလို့ ''
" မင်းသားကသူသွားမယ်လို့ပြောတာလေ... ကျုပ်ကိုလူအိုကြီးလို့ထင်နေတာ ''
" တော် က ကလေးစေတနာနားမလည်တာလေ ကလေး ဖအေပင်ပန်းမှာစိုးလို့လေ ''
ဒေါ်အေးစန်း က ဦးထွန်း ကို မျက်စောင်းခဲလိုက်ပြီးနောက် အိမ်ထဲဘက်ကိုလှည့်ကာ ဆက် ကိုခေါ်လိုက်လေသည်။
" လူလေးရေ... လူလေး ''
" ဗျာ... လာပြီ အမေရေ ''
ပုဆိုးဝတ်နေရင်းမှ ဆက် သူ့အမေကိုကိုပြောလိုက်ပြီးနောက် နွေး က ဆက် အတွက် အင်္ကျီ ကြယ်သီးတပ်ပေးနေသည်ကို နွေး နဖူးကို နမ်းလိုက်ကာ
" ကလေး... လိုက်ခဲ့ပါလား အဖိုးတို့နဲ့လဲတွေ့ရတာပေါ့ ''
" လိုက်တော့လိုက်ချင်ပါတယ် ဒါပေမဲ့ မလိုက်ချင်ဘူး ''
" ဘာလို့လဲ... ချစ်ပုရဲ့ ''
" ထူး နဲ့ တောင်ရွာဘက်ကိုအဖော်လိုက်ပေးမယ်လို့ပြောပြီးသွားလို့ဗျ ''
မျက်ခုံးနှစ်ခုကိုတွန့်ချိုးကာ မဖြစ်မနေသွားရမည့်ကိစ္စတစ်ခုလိုပြောနေသည့် ချစ်ဇနီးကို ဆက် အသည်းတယားယား။ ပါးလေးကို ဆွဲဖျစ်လိုက်ပြီးတော့...
" အား...နာတယ်ဗျ သူ့အသားမဟုတ်တိုင်းနော် ''
" ကလေးငယ်... တောင်ရွာကို ဖိုးထူးနဲ့အတူ လိုက်သွားမှာ ဖိုးထူး အဖော်မရှိလို့လား အဲ့ရွာကနတ်ပွဲကိုသွားကြည့်ချင်တာမဟုတ်ဘူးလားလို့''
YOU ARE READING
ချစ်ပုယောကျာ်းတောသားကိုကို
Romanceအခုမှစာစရေးဖူးတာပါ။ own creation ပါ။တူညီတိုက်ဆိုင်တဲ့တစုံတရာရှိခဲ့ရင်လဲ စာရေးသူရဲ့ အမှားမလို့ ကြိုပြီး တောင်းပန်ပါတယ် ကိုကို ကချစ်ပုကိုမြတ်မြတ်နိုးနိုးနဲ့ချစ်ရတာမို့ နာကျင်ဖူးတဲ့ချစ်ပုနှလုံးသားကို ကိုကို့ အတွက် အပိုင်ပေးပါလား