ch 48

702 39 10
                                    

အားလုံးပဲ တအားကိုနောက်ကျသွားလို့တောင်းပန်ပါတယ်နော်။ ခနခနရှုနာရှိုက်ကုန်းနဲ့ခြူခြာနေလို့ပါ 🤗🤗🤗💛💛💛
........................................................

" Hello... မနွေး ''

" ပြောလေ... ထူး ''

" မနွေး အဆင်ပြေလား... ''

" ဘာကိုလဲ... ထူး ''

အစမရှိအဆုံးမရှိ မေးလာတဲ့ ထူး ရဲ့ စကားကို နွေး နားမလည်။

" မနေ့ကလေ... ကိုဆက် နဲ့ မဝိုင်း ကိစ္စကိုမေးတာ မနွေး နဲ့ ကိုဆက် စကားများကြသေးလားလို့ ''

" သြော်... မများပါဘူး ထူးရဲ့ မနွေး တို့က သူတို့ကို အထင်လွဲနေတာပါ အဲ့ မဝိုင်းက လယ်ကြားထဲမှာခြေထောက်ညပ်သွားလို့ ထူး တို့ ကိုဆက် က ကူညီပေးနေတာ ''

" အင်းပါ... ဘာပဲဖြစ်ဖြစ် မဝိုင်း ကို ကိုဆက်နားသိပ်မကပ်စေနဲ့သိလား ''

" အင်းပါ ထူးရဲ့... ကိုကို ကအဲ့လိုအလုပ်မျိုးမလုပ်လောက်ပါဘူး ''

" ကိုဆက် ကတော့ ဟုတ်တာပေါ့... မဝိုင်းက ''

နောင်နောင် က လယ်ထဲသွားဖို့ရန်ပြင်ဆင်ရင်းမှ ဖိုးထူး ကိုလှမ်းကာအသိပေးလိုက်သည်။

" ထူး...ထူးရေ မောင် လယ်ထဲသွားတော့မယ် ''

" ဟုတ်... မောင် ထူး မနွေး နဲ့ ဖုန်းပြောနေလို့''

" အာ့ဆို... မောင် သွားပြီနော် နေပူထဲသိပ်မထွက်နဲ့ကြားလား ထူး... ထမင်းလဲလာမပို့နဲ့ မောင့်ဘာသာပြန်စားမယ် ''

လွယ်အိတ်ထဲကိုလောက်လေးဂွနဲ့ အခြားပစ္စည်းလေးအနည်းငယ်ထည့်နေသော နောင်နောင် အနားသို့ ရောက်လာပါသော ထူးကြောင့်...

" ဘာလို့လဲ... ထူး လာပို့တာမစားချင်လို့လား ''

မျက်နှာလေးစူကောက်နေတဲ့ ထူး ကြောင့် နောင်နောင် က ထူး ပါးလေးကိုဆွဲဖျစ်လိုက်ပြီး

" နေတအားပျင်းတယ်လေ...မောင့်အိမ်သားလေး နေပူထဲမှာလာရတော့ပင်ပန်းမှာစိုးလို့ရယ်... ''

" ထူး ကလဲ မောင်... ပင်ပန်းမှာစိုးလို့လေ ပြန်ရတာဝေးတယ်မောင်ရဲ့ သွားလိုက်ပြန်လိုက်နဲ့ ပြီးတော့ မောင်ကခြေလျင်ပြန်လာရတာ ''

ချစ်ပုယောကျာ်းတောသားကိုကိုWhere stories live. Discover now