ဒီနေ့က နွေး ဆေးရုံဆင်းတော့မှာမို့ မေမေနဲ့အတူ ပစ္စည်းတွေသိမ်းကာ လူကြီး လာခေါ်မှာကိုစောင့်နေခဲ့လိုက်သည်။ ခဏနေတော့ ဆေးရုံဆင်းမယ့် ကိစ္စတွေလုပ်ပြီး လူကြီး ရောက်လာကာ...
" ချစ်ပု...ပြန်လို့ရပြီတဲ့ကလေး ''
နွေး လူကြီး ကို ခေါင်းညိတ်ပြလိုက်ရင်းမှ ဘေးကုတင်က အစ်မတို့ကို နှုတ်ဆက်လိုက်သည်။ ဘာပဲပြောပြော ဆေးရုံအတူတက်ခဲ့တဲ့သူတွေပဲလေ...
" အစ်မ... နွေး တို့ဆေးရုံဒီနေ့ဆင်းတော့မှာလေ အစ်မညီမလေးလဲ အမြန်ဆင်းရပါစေနော် ''
" အင်း အစ်မတို့တော့ ညီမလေးတို့ကိုသတိရနေတော့မှာပဲ.... ညီမလေးနောက်တခါဆေးရုံရောက်ရင် အစ်မတို့မဆင်းသေးရင်တော့ ပြန်...''
ဆက် တကယ်စိတ်တိုသွားမိတယ် အခုမှ ချစ်ပုက နေကောင်းတာကို ဘယ်လိုတောင် ဆေးရုံကိုပြန်လာခိုင်းနေတဲ့ အမျိုးသမီးနဲ့ ဆက်ပြီးစကားမပြောစေချင်တော့တာကြောင့်
" ကလေး...သွားကြမယ်လေ အပြင်မှာ ကားရောက်နေပြီ... ပြီးတော့ ဒီကညီမတို့ကဆေးရုံမှာဘယ်လောက်ကြာကြာနေချင်လဲတော့မသိပေမဲ့ ကျွန်တော့် မိန်းမကဆေးရုံကိုနောက်ထပ်ပြန်မလာတော့ဘူးဗျ ညီမတို့ပျော်သလောက်နေချင်...''
" လူကြီး.... ''
လူကြီး ရဲ့ စကားကတကယ်ကိုကြားရအဆင်မပြေတာကြောင့် နွေး လူကြီးကို အချိန်မှီတားလိုက်ရသည်။ တကယ်ပဲ လူကြီးက တခါတလေ ကလေးဆန်သလိုပဲ။
ဆက် သယ်စရာရှိတဲ့ပစ္စည်းအချို့ကိုသယ်ပြီး သူမရဲ့ လက်ကိုဆွဲ၍ ထွက်လာခဲ့လိုက်သည်။ ဘာပဲပြောပြော ဆက် ဒီနေ့ တော့ တကယ်စိတ်ပျော်နေခဲ့သည်လေ ချစ်ဇနီး ပြန်ပြီးနေကောင်းလာတာလောက်ဘယ်အရာကမှအရေးမပါပါဘူး။
ဆက် တို့အိမ်ရောက်တော့ သူမ အမေ က သေချာဂရုစိုက်ဖို့အတန်တန်မှာပြီး ပြန်သွားတော့သည်။" နွေး...ခဲအိုရေ''
အိမ်ရှေ့ကနေ အသံကျယ်ကျယ်ပေးကာခေါ်ရင်း ဝင်လာတဲ့ မီ ပြီးတော့ လက်ထဲမှာလဲ ချိုင့်ကြီးနဲ့....
" ဘာလို့ အဲ့လောက်အော်ခေါ်နေတာလဲ ဝင်လာလဲရနေတာပဲ ''
" ဖွားက ဟင်းတွေပို့ခိုင်းလိုက်လို့ နွေး တို့တွေကအိမ်ထဲမှာလေ မီအသံမပေးဘဲ ဝင်လာရင်မတော်တွေမမြင်ရဲ ''
YOU ARE READING
ချစ်ပုယောကျာ်းတောသားကိုကို
Romanceအခုမှစာစရေးဖူးတာပါ။ own creation ပါ။တူညီတိုက်ဆိုင်တဲ့တစုံတရာရှိခဲ့ရင်လဲ စာရေးသူရဲ့ အမှားမလို့ ကြိုပြီး တောင်းပန်ပါတယ် ကိုကို ကချစ်ပုကိုမြတ်မြတ်နိုးနိုးနဲ့ချစ်ရတာမို့ နာကျင်ဖူးတဲ့ချစ်ပုနှလုံးသားကို ကိုကို့ အတွက် အပိုင်ပေးပါလား