ဆက် သူမနဲ့အတူဖြတ်သန်းရတဲ့ နေ့ရက်တိုင်းက ကြည်နူးစရာ အပြည့်နဲ့ ပျော်ရွှင်ရပါသည်။ အလုပ်မသွားခင် သူမ မျက်နှာလေး အနှံ့အနမ်းမိုးရွာရတာလဲ နေ့ရက်တိုင်းဆိုတော့ သူမလဲမငြင်းတော့ပါဘူး ။
" ချစ်ပု ရေ...ကိုယ် အလုပ်သွားတော့မယ် ''
" အင်း... ''
အိပ်ချင်မူးတူး ရုပ်လေးနဲ့ အခန်းထဲကနေထွက်လာပြီး ဆက် ရှေ့မှာရပ်ကာခေါင်းမော့ပေးလာတဲ့ ချစ်ဇနီး ရဲ့ မျက်နှာလေးကို ဆွဲယူပြီး နဖူးလေးရယ် ပါးပြင်လေးနှစ်ဖက်ရယ် နှာခေါင်းလေးနဲ့ မေးစေ့လေးကို နမ်းလိုက်ပြီးနောက်
" မျက်လုံးဖွင့်ပြီး ကြည့်ပါအုံးလားကလေးငယ်''
"........''
"ကိုယ့်ကိုသေချာရောကြည့်ရဲ့လား ကလေး အလုပ်မသွားခင် ကိုယ့်ယောကျာ်းကိုဘာတွေပြင်ဆင်ဖို့လိုသေးလဲ ကြည့်မပေးတော့ဘူးလား''
အိပ်မှုန်စုတ်မွှားနဲ့ မျက်လုံးတွေကိုပွတ်သတ်နေတဲ့ ချစ်ပုလေးက
" မျက်လုံးကသူ့ဘာသူဖွင့်မရတာ... လူကြီးရ ''
ပြောရင်းနဲ့ ထပ်ပြီး ငိုက်နေတဲ့ သူမလေးကို ပွေ့ချီလိုက်ပြီး အိပ်ရာထဲပြန်ထည့်ပေးလိုက်ကာ စောင်သေချာခြုံပေးလိုက်တော့ ပြန်ပြီး အိပ်ပျော်သွားတဲ့ ချစ်ပု ရဲ့ နဖူးလေးကိုထပ်နမ်းလိုက်ပြီး အလုပ်ကိုသွားဖို့ အားအင်တွေဖြည့်လိုက်တော့သည်။ ချစ်ပု က ဆက် အတွက် မရှိမဖြစ်လိုအပ်တဲ့ Vitamin လေး ။
---------------------------------------------ဆက် Customers တွေနဲ့စကားပြောနေတုန်း သည်းကြီးမည်းကြီး ရွာချလာတဲ့ မိုးကြောင့် အိမ်သူသက်ထား ကိုစိတ်ပူမိပြန်သည်။ မိုးကုန်ခါနီးမို့ထင်ပါရဲ့ မိုးကလဲ မှိုင်းညို့နေကာတနေကုန်တိတ်ကိုမတိတ်တော့။ စိတ်ပူလို့ ဖုန်းဆက်နေပြန်တော့လဲ သူမကဖုန်းကိုမကိုင်တာကြောင့် တနေကုန် ဆက် မှာနေမထိထိုင်မသာနဲ့ အိမ်ကိုသာပြန်ချင်တော့သည်။
" မိုးကလဲသည်းလိုက်တာနော်...ကိုဆက် ထီးအပိုပါသေးလား ''
" မပါဘူး ကိုယ်မိုးကာပဲဝတ်တာ ''
" ယု အိမ်ပြန်ဖို့ ဘယ်လိုလုပ်ပါ့မလဲ ထီးလဲပါမလာဘူး ''
" မိုးရာသီမှာ ထီးဆောင်ထားသင့်တယ်ဆိုတာမင်းသိသင့်တာပေါ့... ''
YOU ARE READING
ချစ်ပုယောကျာ်းတောသားကိုကို
Romanceအခုမှစာစရေးဖူးတာပါ။ own creation ပါ။တူညီတိုက်ဆိုင်တဲ့တစုံတရာရှိခဲ့ရင်လဲ စာရေးသူရဲ့ အမှားမလို့ ကြိုပြီး တောင်းပန်ပါတယ် ကိုကို ကချစ်ပုကိုမြတ်မြတ်နိုးနိုးနဲ့ချစ်ရတာမို့ နာကျင်ဖူးတဲ့ချစ်ပုနှလုံးသားကို ကိုကို့ အတွက် အပိုင်ပေးပါလား