ch 54

701 29 3
                                    

ဗုဒ္ဓဟူး နေ့မှတင်ဖို့ကိုညကရေးလို့ပြီးသွားတော့ဒီနေ့တင်ပေးလိုက်တယ်...စကားမတည်သလိုမို့စိတ်မဆိုးဖို့တောင်းပန်ပါတယ်နော် ဗုဒ္ဓဟူး နေ့လဲတင်ပေးမှာပါ ☺☺☺

စိတ်ကြောင့်ပဲထင်ပါရဲ့ နွေး ခြေလှမ်းတွေကအတော်မြန်နေလေသည်။ နောက်မှ ခြေလှမ်းကျဲကြီးတွေနဲ့ လိုက်လာသော ဆက် ကနွေး နွေး လက်ကို အမိအရလိုက်ဆွဲလျက်...

" ချစ်ပု... ကလေး ခဏလေးပါကွာ နော် ကိုယ်ရှင်းပြတာနားထောင်ပါအုံး ''

" ဘာလဲ... ဘာကိုရှင်းပြမှာလဲ ရှင်းမယ်ဆိုထဲကရှင်ရှုပ်ထားလို့ပေါ့ ''

နွေး ထံမှ တစ်ကြိမ်တစ်ခါမျှတောင်မကြားဖူးပါသည့်အခေါ်အဝေါ်တွေကြောင့် ဆက် ပိုခံစားရသည်။

" ချစ်ပု... ကိုယ်တောင်းပန်ပါတယ်နော် ကလေး ကိုယ်ကလေးအပေါ်မှာမပွင့်လင်းခဲ့မိဘူး ဒါပေမဲ့ ကလေးရယ် ကိုယ် မင်း အပေါ်မှာ တစ်ကြိမ်လေးတောင်သစ္စာမပျက်ခဲ့ပါဘူး ကိုယ့်ကို ယုံကြည်ပေးပါ... ''

" ရှင်... နွေး ကို ညာတယ်... နွေးက ရှင့်အချစ်ဦးပါဆို နွေး ကိုပဲချစ်ခဲ့ဖူးတာပါတဲ့ အခုတော့ ရှင်တို့ကနွေးနောက်ကွယ်မှာ ပြန်ပေါင်းထုတ်ချင်နေကြတယ်ပေါ့ အဲ့ဒါကြောင့် ရှင်က ရွာမှာပဲပြန်နေကြဖို့ပြောခဲ့တာပေါ့ ''

" မဟုတ်ရပါဘူး ကိုယ် ကျိန်ဆိုကျိန်ရဲပါတယ် ကိုယ် မင်းကလွဲတဲ့ဘယ်မိန်းမကိုမှစိတ်နဲ့တောင်မပစ်မှားခဲ့ပါဘူး တကယ်ပါ... ''

" ကျိန်ခြင်းကလိမ်ခြင်းရဲ့အစတဲ့...ရှင် တို့ပတ်သက်မူကိုဘာမှမသိတဲ့ ကျွန်မကို နောက်က်မှာရှင်တို့ဟားတိုက်နေကြမှာပေါ့ ''

" မဟုတ်တာကွာ... ကိုယ်မင်းကို ဘယ်လောက်ချစ်လဲ မင်းအသိဆုံးပါ ''

ဆက် လက်ထဲကနေရုန်းထွက်ကာ ဆက် ကိုထားခဲ့ပြီး လျင်မြန်တဲ့ခြေလှမ်းတွေနဲ့ထွက်သွားသောသူမအနောက်ကို ဆက် လိုက်ရပြန်သည်။

" ကိုယ် တောင်းပန်ပါတယ် ကိုယ်မှားတာဆိုလို့ ကလေးကို ဖုံးကွယ်ထားမိရုံလေးပါကွာ ကိုယ့်ကိုရှင်းပြခွင့်လေးပဲပေးပါ ''

" ရှင်... ကျွန်မ လက်ကိုလွှတ်လိုက် ''

" မလွှတ်ဘူး... ကလေးငယ် ''

ချစ်ပုယောကျာ်းတောသားကိုကိုWhere stories live. Discover now