ဆက် က နွေး ကို ချီပြီးပြန်လာတာတွေ့တော့ ဒေါ်အေးစန်း လဲ အလျင်အမြန် ဆက် တို့နားကိုရောက်လာတော့သည်။
" ဟဲ့..... ဘယ်လိုဖြစ်လာတာလဲ သမီး ဘာဖြစ်လို့လဲ ''
" ဟို... နွေး ဆိုင်ကယ်မှောက်သွားလို့ အမေ ''
" အမလေး... ဖြစ်ရမယ် သမီးရယ် ထင်တော့ထင်တယ် အမေ စိတ်ထဲထင့်နေတာ သမီး ကြာနေလို့ စိတ်ပူနေတာ ''
" ဘာမှမဖြစ်ပါဘူး အမေရဲ့... ဒီမှာ ထူး အမေ က အမေမှာထားတာတဲ့ ကြက်ကြီးပေးလိုက်တယ် ''
" ဟုတ်တယ် အမေမေ့နေတာ..... ကြက်ကအရေးမကြီးပါဘူး သမီး ဘာဖြစ်သွားသေးလဲ ''
" နည်းနည်းလေးပဲ ပွန်းပဲ့သွားတာပါ... ''
ဆက် ချီထားလျက်ပင် ရှိသေးတဲ့ နွေး နဲ့ ဆက် အမေ တို့စကားကောင်းနေမူကို ဝိုင်း က စကားစဖြတ်ပေးရတော့တာပေါ့ ။ ကြည့်လို့မရသည့် မြင်ကွင်းတစ်ခုပဲ
" နေကောင်းရဲ့လား အရီးလေး... ''
" အေး... ကောင်းပါတယ် ဒါနဲ့ ညည်းတို့က... ဘာလာလုပ်ကြတာလဲ ''
ဆက် က နွေး ကို ထိုင်ခုံပေါ်မှာနေရာချပေးလိုက်ရင်း သူ့ အမေ ကိုကြည့်၍
" ဝိုင်း တို့ကို နွား ဖိုးလျော်ပေးရမယ်အမေ...''
" ဟေ...ဘယ်လိုဖြစ်လို့တုန်း ''
" ဟို... နွေး ကြောင့်ပါ အမေ နွေး ဆိုင်ကယ်နဲ့ တိုက်မိမလိုဖြစ်သွားပြီး အဲ့ဒါ... ''
" အို... ဒါလေးများ စောစောကပြောရောပေါ့အေ ဘယ်လောက်လျော်ရမှာလဲ ပြော... ''
" ဝိုင်း တို့ နွား က ရောင်းဖို့ရည်ရွယ်ထားတာလေ ဒီလိုအနာတရနဲ့ကျတော့ ရောင်းလို့ အဆင်မပြေဘူးလေ အရီးလေး ဒါပေမဲ့ ဒီလူ နဲ့ ဒီလူ ကသူစိမ်းတွေမှမဟုတ်ဘဲလေ ပိုက်ဆံ ဘယ်လောက်ပေးပါလို့မပြောချင်ပါဘူး ''
ဆက် အမေက မျက်နှာမဲ့သွားကာ ဝိုင်း ကိုကြည့်နေတော့သည်။ ဆက် ကတော့ ဘာမှဝင်မပြောတော့ပါ ။ နွေး ရဲ့ ပွန်းပဲ့သွားတဲ့ ဒဏ်ရာလေးတွေကို ဆေးထည့်ပေးရင်းအလုပ်ရှုပ်နေတော့သည်။
" အိုအေ...ညည်း ပဲ ပိုက်ဆံအလျော်ယူဖို့လိုက်လာတာမဟုတ်ဘူးလားအေ့ အခုကျတော့ ပိုက်ဆံစကားမပြောချင်ဘူးဆိုတော့ ကျုပ်တို့ကဘယ်လိုလုပ်ပေးရမှာလဲ... ''
YOU ARE READING
ချစ်ပုယောကျာ်းတောသားကိုကို
Romanceအခုမှစာစရေးဖူးတာပါ။ own creation ပါ။တူညီတိုက်ဆိုင်တဲ့တစုံတရာရှိခဲ့ရင်လဲ စာရေးသူရဲ့ အမှားမလို့ ကြိုပြီး တောင်းပန်ပါတယ် ကိုကို ကချစ်ပုကိုမြတ်မြတ်နိုးနိုးနဲ့ချစ်ရတာမို့ နာကျင်ဖူးတဲ့ချစ်ပုနှလုံးသားကို ကိုကို့ အတွက် အပိုင်ပေးပါလား