ch 10

826 39 0
                                    

နွေး အခန်းထဲကနေအပြင်မထွက်တာတပတ်နီးပါးမျှကြာပြီးဖြစ်သည်။ ဘယ်သူနဲ့မှလဲစကားမပြောသလို အစားစားဖို့ကိုတောင်မနည်းပြောယူနေရတာကြောင့် လူကြီးတွေစိတ်ပူနေရသည်။ ဒီလိုကနေ သူမ အားနည်းသွားလို့မဖြစ်။ နဂိုထဲက ကျန်းမာရေး အားနည်းသူမို့ အစစအရာရာဂရုစိုက်နေရသည့်ကလေးတစ်ယောက်မို့ အဖိုးတို့ကနွေးကို ပိုဂရုစိုက်ခဲ့ကျသည်။
နွေး အတွက်အသက်ရှုဖို့တောင်ခက်ခဲနေလောက်အောင်ကို ရင်ထဲမွန်းကျပ်လွန်းနေသည်။ အချိန်အကြာကြီးစိတ်ကူးယဥ်ခဲ့ရသည့် တနေ့မောင်နဲ့လက်ထပ်ပြီး နွေးစိတ်ကူးထဲကမဂ်လာပွဲလေး နွေးတို့ရဲ့ကလေးလေးတွေရလာရင်ပေးဖို့နာမည်လေးတွေကိုတောင်မောင်ကပေးထားခဲ့ပြီးနေမှ မောင်ဘာလို့များနွေးကိုလုပ်ရက်ရတာလဲ။ မောင့်ကိုပဲယုံကြည်ပါလို့ပြောခဲ့ပြီးမှ နွေး ကိုထားခဲ့နိုင်တယ်။ နွေး ရဲ့မျက်ရည်တွေကိုဘယ်သူမှလဲမတားနိုင်တော့ဘူး။ နွေး ဘယ်လိုလုပ်ရမလဲ မောင် နွေးအခုချိန်ထိမောင့်ကိုမျှော်လင့်မိနေတုန်းပဲ ။ မောင် နွေးကိုလာခေါ်မယ့်နေ့ကိုနွေး စောင့်နေမိတုန်းပဲ။ အသိစိတ်ကလဲမောင့်ကိုမျှော်နေမိသလို နွေး နှလုံးသားမှာလဲ မောင့်ကိုချစ်နေတုန်းပဲ။

" နွေး...ဖိုးကထမင်းစားဖို့ခေါ်ခိုင်းလိုက်တယ်''

" နွေး...မဆာဘူး မီ''

" ထမင်းမစားပဲနေလို့သေသွားလဲအဲ့အကောင်ကသူ့အမေကိုလွန်ဆန်ပြီးရောက်လာမှာမဟုတ်ဘူး...နွေး နင်အဲ့လောက်လဲခံစားမနေနဲ့ ယောကျာ်းကသူတစ်ယောက်ထဲရှိတာလား နင် ဒီလိုအခန်းထဲကမထွက်ကတဲက ကြီးမေတို့တွေစိတ်ပူနေတာကိုနင်သိလား ...''

" မီ...နွေး အခုတစ်ယောက်ထဲပဲနေချင်တယ်...''

" နွေး...ငါသာနင့်နေရာမှာဆိုရင်လေ အဲ့လိုမေမေချစ်သားမျိုးကိုလွမ်းနေမဲ့အစား...ပျော်ပျော်ပဲနေလိုက်တော့မယ်သိလား ထမင်းဆင်းစားအုံး ဖိုးတို့ကအသက်ကြီးနေပြီနင့်ကိုပြန်စိတ်ပူနေကြတာ နည်းနည်းဖြစ်ဖြစ် စားအုံး''

" အင်းပါ နွေးအခုမဆာသေးလို့ပါ''

မီ လဲနွေးကိုပြောမရတာနဲ့ ဆက်မပြောချင်တော့ဘူး တကယ်ခေါင်းမာနေလွန်းတယ် မီ တို့ကတော့အဲ့လိုမျိုးခံစားမနေနိုင်ပါ။ ကိုယ့်ကိုတကယ်ချစ်ရင် အခုလိုမျိုးအမေသဘောမတူလို့ဆိုတဲ့အကြောင်းပြချက်လေးနဲ့ထားခဲ့ပါ့မလား။ မဖြစ်နိုင်တာ တကယ်မချစ်ခဲ့လို့ ပဲဟု မီ ထင်သည်။

ချစ်ပုယောကျာ်းတောသားကိုကိုWhere stories live. Discover now