ပဲ ရာသီ ကုန်တော့ အလှုူအတန်းတွေပြည့်နေတဲ့ တပေါင်း လတောင်ရောက်နေပြီဖြစ်သည်။ ရွာတွေတိုင်းမှာ ရှင်ပြုနားသ သိက္ခာထပ် ရဟန်းခံ အလှုူတွေကလဲ ဆက်တိုက်ဆိုသလိုရှိနေလေသည်။
နွေး တို့ရွာမှာလဲ ရှင်ပြုနားသ ရှိလေသည် ။ တခြားသူတော့မဟုတ် ကိုဖြိုး သားနှစ်ယောက်ပင်။ သားအငယ်လေးကတော့ အတော်ငယ်သေးတာကြောင့် ဖိုးသူတော်လေးဝတ်ပေးလေ၏
ဆက် တို့မိသားစုလဲ ထိုအလှုူကို သွားဖို့ရာပြင်ဆင်ကြတာပေါ့။ နွေး က နံ့သာရောင် ချည်ပိုးချိတ်ပြည့်လေးကိုရိုးရိုးရင်ဖုံးလေးသာချုပ်ထားတာဆိုပေမဲ့ အရိုးဆုံးတွေကဆန်းတယ်လေ လှနေတဲ့ ကိုယ့်မိန်းမကိုယ်ကြည့်ကာ ဆက် ကျေနပ်နေဏပြန်သည်။ ဆက် ဝယ်လာပေးတဲ့ ပိတ်စတွေမလို့ပိုတောင်သဘောကျနေမိသည်။ ဆက် က နံ့သာရောင်လည်ကတုံးအင်္ကျီကို ပုဆိုးအစိမ်းရင့်ပေါ်တွင်နံ့သာရောင်ချည်ထိုးထားသော ယောပုဆိုးကိုဝတ်ထားတာကြောင့် လင်မယားနှစ်ယောက်ကလိုက်ဖက်နေတော့သည်။
အလှုူသို့ရောက်တော့ ရှင်လောင်းလှည့်ကနေပြန်လာပြီး ဘုရားရှေ့ သင်္ဃန်းတောင်းတော့မည်ဖြစ်သည်။ အပြုံးပန်းဝေနေသော ကိုဖြိုး တို့ လင်မယားတွေကိုကြည့်ကာ နွေးတို့လဲအားကျနေရသည်။"ကိုကို... နွေး တို့လဲ သားလေးမွေးရင်အခုလိုရှင်ပြုပေးလို့ရမှာနော် ''
" ဒါပေါ့... ကလေးရဲ့ သမီးလေးမွေးရင်လဲ နားသလုပ်ပေးလို့ရတယ်လေနော် ''
" ဟင်း... နွေး တို့လဲ ဘယ်တော့မှကလေးရမယ်မသိဘူး''
ကိုဖြိုး တို့ မိသားစုကိုကြည့်ကာ အားကျနေသည့် နွေး ကသက်ပြင်းလေးတိုးတိုးချရင်းညီးညူလိုက်လေသည်။
" ကိုယ် ညတိုင်း ကြိုးစားပေးနေတယ်လေ မကြာတော့ဘူး ရတော့မှာသိလား ကိုယ့်ကိုယုံလိုက်... ''
" ဟာ... ကိုကို ဘုန်းကြီးကျောင်းမှာနော် ဘယ်လိုတွေပြောနေတာလဲ ''
" အဟွန်း... ကိုယ်ကကလေးကိုစိတ်ညစ်နေမှာစိုးလို့ပါနော်...ကလေး ရှင်ပြုပေးချင်ရင် ရွာထဲက မတက်နိုင်တဲ့ကလေးတွေကိုရှင်ပြုပေးလို့ရတယ်လေ ''
" အဲ့ဒါလဲကောင်းသားပဲနော် နွေး က အလှုူ့အမကြီးဖြစ်ချင်တာ... ''
YOU ARE READING
ချစ်ပုယောကျာ်းတောသားကိုကို
Romanceအခုမှစာစရေးဖူးတာပါ။ own creation ပါ။တူညီတိုက်ဆိုင်တဲ့တစုံတရာရှိခဲ့ရင်လဲ စာရေးသူရဲ့ အမှားမလို့ ကြိုပြီး တောင်းပန်ပါတယ် ကိုကို ကချစ်ပုကိုမြတ်မြတ်နိုးနိုးနဲ့ချစ်ရတာမို့ နာကျင်ဖူးတဲ့ချစ်ပုနှလုံးသားကို ကိုကို့ အတွက် အပိုင်ပေးပါလား