နွေး တို့ရဲ့ ရှေ့ဆက်ရမယ့် နေ့ရက်တွေကို အဆင်ပြေစွာဖြတ်သန်းနိုင်ပြီလို့ ထင်မိသည်။ အခု နွေး တို့အိမ်ထောင်ရေးက သာယာနိုင်ပြီလေ ။" ကလေး.... ''
" ဗျာ.... ''
" ရှင်လို့မထူးချင်ဘူးလား.... ''
" မထူးချင်ပါဘူး တသက်လုံးဒီလိုပဲပြောလာတာ ဘာလဲမကျေနပ်ဘူးလား''
" မဟုတ်ပါဘူး ကလေးရဲ့ ကိုယ်က ကလေးဘာပြောပြောကိုယ်ကျေနပ်ပါတယ် ဒါပေမဲ့လေ ''
" လူကြီး ဘာဖြစ်နေတာလဲဗျာ... တကယ်ပဲ ''
" ကိုယ့်ကို... လူကြီး လို့မခေါ်နဲ့လေ ''
" ဟင် နွေးက ဘယ်လိုခေါ်ရမလဲ''
" ကိုကို... လို့''
" ဟင် ကိုကို တဲ့ မခေါ်ချင်ဘူး ''
" အာ့ဆို ယောကျာ်းလို့ခေါ်မလား ကိုကြီး လို့ခေါ်မလား သူများတွေတော့ ပါး လို့ခေါ်ကြတယ် ကလေးရဲ့ ''
" စဥ်းစားအုံးမယ်ဗျာ....နေအုံး ''
" ကလေး...ကလေးငယ် ပူတူးလေး ချစ်သဲတုန်လေး အသဲအသက်ကလေး...အဖိုးတန်လေး အမောပြေလေး ''
" ဟာ...အမြင်တွေကတ်လာပြီဟာ နွေး ခေါ်မှဖြင့်လဲခေါ်လိုက် မီ နားတွေယားနေပြီ တကယ်ပဲ ''
ဆက် နဲ့ နွေး တို့က ဖွားတို့အိမ်ရှေ့က နွေးထိုင်နေကျ ခုံပေါ်မှာထိုင်ကာ နှစ်ယောက်သားပူးကပ်ကာ ချစ်ကြည်နူးတစ်တီတူးနေတာကို မီ အမြင်တွေကတ်နေရပါသည်။ ဒီနေ့က ဖွားတို့အိမ်မှာ လူစုံနေပါ၏ မီ ရဲ့ ကောင်လေးကို အိမ်က လူကြီးတွေနဲ့ မိတ်ဆက်ပေးမှာမလို့ မိသားစုအကုန်ရောက်နေကြသည်။ မီ့ ကောင်လေးက မီ့ထက် ငယ်ပြီး နဲနဲအူတူတူလေးဖြစ်နေတာ ကြောင့် တစ်ခုခုဆို မီ ကစိတ်မရှည်တာနဲ့တော့ဟုတ်နေပါပြီ ။ အခုလဲ ပြောထားတဲ့အချိန်ကနီးနေတာတောင်ပေါ်မလာသေးတာမို့ စိတ်မရှည်ပါဘူးဆို ဘေးကနေ လာပြီးကလူကျီစယ်နေတော့ မီ တင်းပြီလေ။
" နွေး တို့အိမ်ထဲဝင်ရင်ဝင် မဝင်ရင်လဲ ကိုယ့်အိမ်ကိုပြန်ကျပါလား သူရောက်ရင် မီလာခေါ်မယ် ရှေ့မှာလာပြီး တစ်တီတူးနေတယ် ရင်ထဲမှာ ဒူးရင်းသီး သီးချင်နေတာနော်''
YOU ARE READING
ချစ်ပုယောကျာ်းတောသားကိုကို
Romanceအခုမှစာစရေးဖူးတာပါ။ own creation ပါ။တူညီတိုက်ဆိုင်တဲ့တစုံတရာရှိခဲ့ရင်လဲ စာရေးသူရဲ့ အမှားမလို့ ကြိုပြီး တောင်းပန်ပါတယ် ကိုကို ကချစ်ပုကိုမြတ်မြတ်နိုးနိုးနဲ့ချစ်ရတာမို့ နာကျင်ဖူးတဲ့ချစ်ပုနှလုံးသားကို ကိုကို့ အတွက် အပိုင်ပေးပါလား