ဆက် ညစာစားပြီး နာရီ ကိုကြည့်လိုက်တော့ ၈နာရီထိုးဖို့ ၁၀မိနစ်သာလိုတော့သည်။ ညတိုင်းမပျက်မကွက်လုပ်နေကျအလုပ်ကလေးကလဲ ရှိသေးတာမို့ ယပ်တောင်တစ်ချောင်းယူပြီး ခြံထဲသို့ဆင်းလာခဲ့လိုက်သည်။ ယပ်တောင်ကနွရောသီမလို့အိုက်လို့ယူတာမဟုတ် ခြင်ကိုက်လို့ ရိုက်ရင် သူမလေးကြားသွားမှာစိုးလို့ယပ်တောင်နဲ့အသာမောင်းမလို့ဖြစ်သည်။
ဆက် ခြံထဲမှာ စောင့်နေရင်း ဖုန်းကနာရီကိုကြည့်မိတော့ ၈နာရီ ထိုးပြီးလို့၅မိနစ်ပင်ကျော်နေချေပြီ။ ဘယ်လိုဖြစ်ပြီး ဒီနေ့နောက်ကျနေပါလိမ့် လို့တွေးနေတုန်း တဖက်ခြံထဲကခြေသံကြားလိုက်ရသည်။" မောင် နွေးတောင်းပန်ပါတယ်နော် စိတ်မဆိုးပါနဲ့ ''
(ချစ် ကိုမောင် ပြောပြီးသားကိစ္စကို ချစ်ကခနခနထပ်ပြောအောင်လုပ်နေမှမောင်စိတ်မဆိုးပဲနေမလား)
လူကမရောက်သေးဘူး ကြားလိုက်ရတာက တောင်းပန်နေပြန်ပြီ။ ဆက် တော့ သူမကိုတကယ်နားမလည်နိုင်တော့ ဘာလို့အမြဲတမ်းအရာရာကိုသူမအမှားလိုတောင်းပန်နေတာလဲမသိ။
" နွေးကမောင့်ကိုတွေ့ချင်ရုံလေးပါ မောင် v day မှလာနိုင်မယ်ဆိုတာကိုသိပါတယ် နွေးမွေးနေ့ကျရင်မောင်နဲ့အတူဘုရားသွားချင်လို့ပါ''
တိုးတိမ်ပြီး ဝင်သွားတဲ့သူမအသံက အပြစ်လုပ်ထားတဲ့လူတစ်ယောက်လိုပင်။ မွေးနေ့မှာ ချစ်သူနဲ့ဘုရားသွားချင်တာ သူမအပြစ်မှမဟုတ်တာ ကိုယ်ဖြစ်ချင်တာကိုကိုယ့်ချစ်သူကိုပြောရဲရမှာပေါ့။ လွန်လွန်ကျူးကျူးတောင်းဆိုနေတာမှမဟုတ်ပဲ။
(မောင် လက်ဆောင်ပို့ပေးလိုက်မယ် ဟုတ်ပြီလား ဘုရားကမောင်ပြန်လာမှသွားကြမယ် )
" နွေးမောင့်ကိုလွမ်းနေပြီ v day ကျရင်တော့ တကယ်ပြန်လာပါနော်''
(အင်း ချစ်ကိုမောင်လဲလွမ်းပါတယ် မာမီတို့ကိုမောင်သေချာအချိန်ယူပြီးချစ်အကြောင်းပြောပြဖို့စဉ်းစားထားတယ်)
"မောင့်မာမီတို့ကသဘောမတူရင်ရော နွေးကိုတော့မောင်မထားခဲ့ဘူးမလားဟင်''
သူမလေးကထားခဲ့ခံရမှာစိုးနေတာကို ဆက် တော့သူမကောင်လေးကိုတကယ်မနာလိုပါ။ ခြင်ကိုက်လာသောကြောင့် ယပ်တောင်နဲ့အသာယပ်လိုက်ရင်း သူမကိုရောခြင်ကိုက်နေလေမလားလို့တွေးမိလိုက်သေးသည်။
YOU ARE READING
ချစ်ပုယောကျာ်းတောသားကိုကို
Romanceအခုမှစာစရေးဖူးတာပါ။ own creation ပါ။တူညီတိုက်ဆိုင်တဲ့တစုံတရာရှိခဲ့ရင်လဲ စာရေးသူရဲ့ အမှားမလို့ ကြိုပြီး တောင်းပန်ပါတယ် ကိုကို ကချစ်ပုကိုမြတ်မြတ်နိုးနိုးနဲ့ချစ်ရတာမို့ နာကျင်ဖူးတဲ့ချစ်ပုနှလုံးသားကို ကိုကို့ အတွက် အပိုင်ပေးပါလား