နွေး အိပ်ရာနိုးတာခါတိုင်းတွေထက်တော့စောပေမဲ့ လူကြီးကို မတွေ့ရ။ မတွေ့ရတာလဲကောင်းပါတယ် မဟုတ်ရင်ညက နဲ့ပတ်သက်ပြီးနွေးလဲ မျက်နှာပူသလိုလိုပဲလေ။
" သမီး နိုးလာပြီလား ''
" ဟုတ် အမေ လူကြီး ဘယ်သွားလဲဟင်''
" လူလေးက သူ့အဖေနဲ့ လယ်ထဲလိုက်သွားတယ်လေ သမီး မျက်နှာသစ်ပြီးရင် ဒီမှာ ထမင်းကြမ်းလာစားလေ ''
" ဟုတ် အမေ ''
နွေး မျက်နှာသစ်ဖို့ရာ ထွက်လာခဲ့ပေမယ့် ညကအကြောင်းတွေကိုပြန်တွေးမိလိုက်ခေါင်းခါလိုက်နဲ့ မျက်နှာသစ်မယ့်ဆီကိုလက်မရောက်တော့။ မနေ့ညက နွေးတို့ပထမဆုံးမဂ်လာဦးခဲ့ကြတယ်လေ..... ရှက်သလိုဖြစ်နေတာမို့ လူကြီးနဲ့ မတွေ့ချင်ဘူး....
" ကလေး......ဘာတွေငိုင်နေတာလဲ ''
" မွေးမေရေ.... ဟာ လန့်လိုက်တာဗျာ''
ဆက် ချစ်ပု နိုးနေပြီလား ဘယ်လိုနေမလဲဆိုပြီးသိချင်တာကြောင့် လယ်ထဲဖျန်းဖို့ဆေးပုံးတွေကို စိုးအောင် တို့ကိုပြန်မယူခိုင်းဘဲနဲ့ ကိုယ်တိုင်ပြန်လာခဲ့ခြင်းသာ။ ဆက် ခြံဝိုင်းထဲဝင်လာတာကိုတောင်မသိဘဲ စဥ့်အိုးဘေးမှာငိုင်ငိုင်လေးထိုင်နေတဲ့ သူမကိုတွေ့လိုက်ရသည်။ ဆက် တို့အိမ်မှာက အုတ်ရေကန်လဲရှိသလို စဥ့်အိုးကြီးတွေနဲ့လဲရေတည်ထားတက်သည်။ ဆက် လာတာကိုတောင်မသိဘဲ ဆက် ခေါ်လိုက်မှလန့်သွားသည့်ချစ်ပုကသူမရင်ဘတ်ပေါ်ငိုလက်နဲ့ဖိကာ....
" လူကြီး လာရင်လဲ အသံလေးဘာလေးပေးလေဗျာ လူကိုလန့်သေအောင်လုပ်မလို့လား''
" ကိုယ်လာတာကိုတောင်မသိအောင် မင်းလေးကအတွေးလွန်နေတာကိုး ကလေးရဲ့ ''
" အမေပြောတော့လူကြီး လယ်ထဲလိုက်သွားတာဆို ''
" အင်းလေ ကလေး နေကောင်းလား သိချင်လို့ပြန်လာရင်း ဆေးပုံးတွေပြန်လာယူတာ''
" နေမကောင်းရအောင် ဘာဖြစ်လို့လဲ ''
" အင်းလေ ဘာဖြစ်ရမှာလဲနော် ''
" သွားတော့ဗျာ မျက်နှာသစ်တော့မယ် ''
" ဟုတ်ကဲ့ပါဗျာ.....''
YOU ARE READING
ချစ်ပုယောကျာ်းတောသားကိုကို
Romanceအခုမှစာစရေးဖူးတာပါ။ own creation ပါ။တူညီတိုက်ဆိုင်တဲ့တစုံတရာရှိခဲ့ရင်လဲ စာရေးသူရဲ့ အမှားမလို့ ကြိုပြီး တောင်းပန်ပါတယ် ကိုကို ကချစ်ပုကိုမြတ်မြတ်နိုးနိုးနဲ့ချစ်ရတာမို့ နာကျင်ဖူးတဲ့ချစ်ပုနှလုံးသားကို ကိုကို့ အတွက် အပိုင်ပေးပါလား