နွေး... မောင် ချိန်း တဲ့ နေရာကို ထွက်လာခဲ့လိုက်သည်။ နွေး ရင်ထဲမှာ စိတ်လှုပ်ရှားမှု ဆိုတာထက် စိတ်လေးလံနေမိသည်။ နွေး မောင် ချိန်းတဲ့ cafe ကိုရောက်တော့ မောင် ကနွေးထက်အရင်ကြိုရောက်နေခဲ့ပြီး နွေး ကိုစောင့်နေခဲ့သည်။ နွေး မောင့် မျက်နှာကိုမြင်ရရုံနဲ့ ရင်ထဲမှာ ဗြောင်းဆန်ပြီး ခံစားချက်အစုံခံစားရသည်။
" မောင့်ကို အဲ့ဒီကနေပဲ ကြည့်နေတော့မှာလား''
နွေး မောင့်ရှေ့မှာ ဝင်ထိုင်လိုက်ပြီး မောင့်မျက်နှာကို စိုက်ကြည့်နေမိသည်။ ဒါ နွေး လွမ်းနေခဲ့တဲ့ မောင်လေ ဒါပေမဲ့ နွေး မပျော်ဘူး
" မောင် ဘာလာလုပ်တာလဲ ဒီအချိန်ကျမှဘာလို့လာတာလဲ''
" ဘာဖြစ်လို့လဲ မောင် အခုလာတော့ ချစ် ပျော်တာပဲမဟုတ်ဘူးလား ချစ် မောင့်ကိုတွေ့ချင်နေခဲ့တာမဟုတ်ဘူးလား''
" အင်း တွေ့ချင်ခဲ့တယ် အရမ်းလွမ်းခဲ့တယ် မောင်ရောက်မလာခဲ့ဘူးလေ မောင် နွေးကို စွန့်ပစ်ခဲ့တာလေ အခုကျမှ အနာဟောင်းကို ပြန်လာဆွတာလား''
" မင်း ပြောင်းလဲသွားတာပဲဘယ်တုန်းကမှ မောင့်ကိုအခုလိုမပြောခဲ့ဖူးဘူးလေ ''
" မောင် မထင်ထားလောက်တဲ့ထိ နွေး ပြောင်းလဲနေပြီ''
မောင် ပြုံးနေတယ် ဆိုပေမဲ့ နွေး ကို လှောင်နေသလိုပဲလို့ နွေး ထင်မိသည်။
" ဟုတ်လား.... ဒါပေမဲ့ မင်း မောင့်ကိုချစ်တာတော့မပြောင်းလဲသေးဘူးမလား''
" မောင် နွေး က မောင့်အတွက်ဘယ်လိုလူလဲ နွေး သိချင်တာက မောင်အခုဘာလာလုပ်တာလဲ''
" ချစ် ကိုလာခေါ်တာ မောင် မာမီ့ကိုပြောခဲ့တယ် ချစ် နဲ့ အတူနေဖို့အတွက်... ''
" ခဏလေး... မောင်ဘာပြောလိုက်တာလဲ...နွေးကို လာခေါ်တာ ဟုတ်လား အရင်တုန်းကတောင် မောင့်အမေကခါးခါးသီးသဘောမတူတာ နွေး အခုကအိမ်ထောင်သည်ဖြစ်နေပြီ နွေး ကသူများမိန်းမ ဖြစ်နေပြီလေ မောင့်အမေကကြည်ဖြူအုံးမှာလား''
" မောင် မာမီ သဘောမတူလဲ ချစ် ကိုခေါ်သွားမှာပဲ မောင် နဲ့ နေမှာလေ မာမီနဲ့နေမှာမှမဟုတ်တာ''
YOU ARE READING
ချစ်ပုယောကျာ်းတောသားကိုကို
Romanceအခုမှစာစရေးဖူးတာပါ။ own creation ပါ။တူညီတိုက်ဆိုင်တဲ့တစုံတရာရှိခဲ့ရင်လဲ စာရေးသူရဲ့ အမှားမလို့ ကြိုပြီး တောင်းပန်ပါတယ် ကိုကို ကချစ်ပုကိုမြတ်မြတ်နိုးနိုးနဲ့ချစ်ရတာမို့ နာကျင်ဖူးတဲ့ချစ်ပုနှလုံးသားကို ကိုကို့ အတွက် အပိုင်ပေးပါလား