ch 40

763 36 3
                                    

ညချမ်းလေးကတိတ်ဆိတ်ငြိမ်သက်နေပေမဲ့ နွေး ကတော့ငြိမ်သက်စွာနဲ့အိပ်လို့မရတော့။ နာကျင်လာတဲ့ ဗိုက်ထဲက ဝေဒနာကပိုတိုးလာနေတာကြောင့်....

" အား.....နာလိုက်တာ ''

နွေးရဲ့ ညီးသံသဲ့သဲ့မှာ ဆက်လဲ နိုးသွားပြီး နွေးကို စိုးရိမ်စွာမေးလာတော့၏

" ချစ်ပု...ဘာဖြစ်လို့လဲ ကလေး ''

" ဗိုက်ထဲက နာတယ်.... အရမ်းနာနေတယ်''

" ဆေးရုံသွားမှဖြစ်မှာပေါ့.....ထလို့ရလား ကလေး ''

" ဟင်....ကိုကို.... အဟင့်... ဟင့် နွေး နွေး.. သွေး... သွေး တွေ ကိုကို ''

နွေး... ထမိန်မှာ ရွှဲနစ်လာတဲ့ သွေးတွေကိုကြည့်ပြီး.... ငိုချလိုက်မိသည်။ ဘုရား... ဘုရား နွေး ထင်နေသလိုမဟုတ်ပါစေနဲ့လို့သာ ဆုတောင်းနေမိသည်။ ဆက် လဲ နွေး ရဲ့ သွေး တွေကိုကြည့်ကာ စိုးရိမ်စိတ်ကကြီးစိုးလာတော့သည်။

" ကလေး ခဏလေး ငြိမ်ငြိမ်လေး နေနော် ကိုယ် ကားသွားငှားလိုက်အုံးမယ်...အရမ်းမစိုးရိမ်နဲ့သိလား...''

" အဟင့်... ကိုကို ရေ နွေး ဘာလုပ်ရမလဲ နွေး ကလေး တခုခုဖြစ်ပြီထင်ပါတယ်ဗျာ အဟင့် နွေး ကြောက်တယ်...''

" ကိုယ့်ကိုကြည့် မငိုနဲ့လေ ကလေးရဲ့ ဘာမှမဖြစ်ပါဘူး.... နော် ကိုယ် ကားသွားငှားနေတုန်း ငြိမ်ငြိမ်လေးပဲနေနေ...ကိုယ်အမြန်ပြန်လာမယ် ''

ဆက် သူမကိုအိပ်ရာထက်မှာငြိမ်ငြိမ်လေးနေခဲ့ဖို့ပြောရင်း ကားငှားဖို့ ထွက်လာခဲ့တော့သည်။ ကားသွားမငှားခင် အဖွားတို့အိမ်ကိုဝင်ကာ...နွေး ဖြစ်နေတာကို ဝင်ပြောဖို့လဲမမေ့။

" အဖွား.... အဖွားရေ အဖွား... အဖိုး ''

ဆက် အသံတွေက တုန်ယင်နေခဲ့ပြီး ဆက် လဲ ကြောက်စိတ်ဝင်နေမိသည်။ သူ့ရဲ့ ကလေး သာမတော်တဆ တခုခုဖြစ်သွားခဲ့မှာကို သူလဲကြောက်နေမိသည်။

" ဆက်... ညနက်နေမှ ဘာဖြစ်လို့လဲ သား ''

နွေး အဖွား ကအိမ်တံခါးဖွင့်ပေးရင်း ဆက် ကိုမေးလာတော့ ...

" အဖွား... ချစ်ပု... ချစ်ပု လေသွေးတွေဆင်းနေတယ်အဖွား...ဗိုက်ကလဲအရမ်းနာနေတယ်တဲ့ ကျွန်တော် ဆေးရုံသွားဖို့ကားသွားငှားနေတုန်း ချစ်ပု အနားမှာစောင့်နေပေးပါအုံး အဖွားရယ် ''

ချစ်ပုယောကျာ်းတောသားကိုကိုWhere stories live. Discover now