ch 21

800 37 0
                                    

ဆက် ညက တညလုံး နံရံကိုကျောမှီထားရတာကြောင့် မနက်အိပ်ရာနိုးတော့ ကျောပြင်တစ်ခုလုံးအောင့်နေရသည်။ ဒီနေ့က ပိတ်ရက်မို့ တော်သေးသည်ဟုပြောရမလိုပင်။ ဆက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ သူမလေးကို မနှိုးတော့ဘဲ မီးဖိုချောင်ဝင်ကာ ထမင်းဟင်းချက်ဖို့ပြင်လိုက်တော့သည်။ ဆက် ချက်ပြုတ်ပြီးလို့ နာရီကြည့်မိလိုက်တော့ ၁၀ နာရီထိုးခါနီးနေပြီမို့ သူမကိုနှိုးဖို့ အခန်းထဲဝင်လာတော့ ဆက် နှိုးစရာမလိုပါဘူး ချစ်ပု ကနိုးပြီးထိုင်နေပြီဖြစ်ကာ ဆက် ကိုမြင်တာနဲ့ သူမရဲ့ ပါးစပ်ကို လက်ညိုးထိုးပြနေသည်။ လက်အမူအရာနဲ့ သူမ ပါးစပ်ထဲကအရာကိုထွေးထုတ်ချင်နေကြောင်းပြနေတာကြောင့် ဆက် လဲ ထွေးခံယူကာသူမ ကို ပေးရန်လုပ်ပြီးမှ ဆက် ကထွေးခံကိုဆေးပြီး အခန်းထဲပြန်မယူရသေးတာကိုသတိရသွားမိသည်။ ဘာလုပ်ရမှန်းမသိတော့တာကြောင့် ဆက် လဲ လက်နှစ်ဖက်ကိုသူမရှေ့ထိုးပေးလိုက်ရင်း

" ကလေး...ကိုယ့်လက်ထဲ ထွေးချလိုက် ''

သူမက ဆက် ကိုကြည့်၍ ခေါင်းခါနေတာကြောင့်

" ရတယ် မြန်မြန်ထွေးလိုက် ချောင်းဆိုးနေအုံးမယ် ကလေးရဲ့ မြန်မြန်ထွေးလိုက် ...''

နွေး လဲ လည်ချောင်းကယားလာနေတာကြောင့် ချောင်းထပ်ဆိုးလာရင် ပိုပြီးဆိုးမှာကြောက်တာနဲ့ လူကြီး လက်ထဲကို ချွဲတွေထွေးထည့်မိလိုက်သည်။ နွေး လူကြီး ကို ကြည့်မိလိုက်တော့ လူကြီးက နဲနဲလေးတောင် ရွံတဲ့အမူအရာရှိမနေဘူး

" ခနလေး နော် ကိုယ်လက်သွားဆေးလိုက်အုံးမယ် ပြီးမှ မျက်နှာသစ်ပေးမယ် ငြိမ်ငြိမ်လေး ထိုင်နေ ''

နွေး ထွက်သွားတဲ့ လူကြီး ရဲ့ ကျောပြင်ကိုကြည့်နေရင်း မောင့် အကြောင်းတွေးမိလိုက်သေးသည်။ မောင် ဆိုရင်ရော နွေး ကို ဒီလိုလုပ်ပေးမှာလား လို့ စဥ်းစားမိနေပေမဲ့ အဖြေကသိပြီးသားပါ မောင်က ရွံတက်တယ်လေ။ လူကြီး အပေါ်မှာ နွေး မတရားဘူးလို့ခံစားမိပြီး လူကြီး ကိုအားနာသလို ကျေးဇူးလဲတင်မိသည်။ တခါက လူကြီးကိုကျေးဇူးတင်တယ်လို့ ပြောမိတော့ နွေး တို့ကြားမှာ ကျေးဇူးတင်စရာတွေမလိုဘူးတဲ့လေ။

ချစ်ပုယောကျာ်းတောသားကိုကိုWhere stories live. Discover now