🍀Part-28🍀

36.6K 3.5K 152
                                    

(Unicode)

အညိုသတိရလာတော့ သူ့လက်ကိုကိုင်ထားသလို ခံစားကြောင့် ကြည့်လိုက်တော့ ဟိုလူကြီးပင်။လက်ကို အသာရုန်းထွက်လိုက်တော့ လူကြီးကနိုးလာ၏။

"ညို...သတိရပြီလား...ဘယ်လိုနေသေးလဲဟင်..နေရတာ အဆင်ပြေရဲ့လား"

"အင်း"

"ကိုယ်အရမ်းစိတ်ပူသွားတာ"

"ခင်များကျွန်တော့ကို မရွံဘူးလား"

"ဟင့်အင်း ကိုယ်အတိတ်မှာဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ်စိတ်မဝင်စားဘူး....အရေးကြီးတာက ကိုယ့်ရဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ ညိုရှိနေဖို့ပဲ"

". ......."

"ညို ဘာဖြစ်ချင်လဲ ကိုယ့်ကိုအကုန်ပြော ကိုယ်အားလုံးဖြည့်ဆည်းပေးမယ်..."

အညိုကိုယ်တိုင်လဲ ဘာဆက်လုပ်ရမယ်မသိပေ။ဒီမှာပဲကျောင်းတက်မယ်လို့ပြောပေမဲ့ အညို့နာမည်စာရင်းတွေဘာတွေဆိုတာက သေလူမလား။အညိုသက်ပြင်းသာချကာ တိတ်ဆိတ်နေလိုက်၏။ဦးငယ်ကိုလဲ လက်စားချေချင်သည် သို့သော် ဘယ်က စရမယ် သူမသိပေ။

ဒေါက်!!!ဒေါက်!

"ဘယ်သူလဲ"

"ထူးထူးပါ အကိုမင်းဇေ"

မင်းဇေထက်ရန် ထလိုက်ပြီး တံခါးသွားဖွင့်ပေးလိုက်သည်။

"မြတ်ဦး သတိရပြီလား အကို"

"အင်း"

"ဟို ကျွန်တော် ဝင်တွေ့လို့ရ"

"ထူးထူးလာလေ"

ထူးထူးလဲ မြတ်ဦးအသံကြောင့် သူလဲ ဝင်သာသွားလိုက်သည်။

"မြတ်ဦး မင်းအဆင်ပြေရဲ့လား"

"အင်း ပြေပါတယ်"

"အကို မင်းတို့နှစ်ယောက်ကို မေးချင်တယ်"

"ဟုတ်"

"မင်းတို့ ဒီတိုင်းထားမှာလား"

​အညိုနဲ့ ထူးထူး တစ်ယောက်မျက်နှာကိုတစ်ယောက်ကြည့်မိကြ၏။

"တရားစွဲရမှာလား"

"မင်းတို့တရားစွဲလဲ သက်သေမခိုင်လုံဘူးဆိုပြီး တိုင်လို့ရမှာမဟုတ်ဘူး...ပြီးတော့ မင်းတို့က သေလူတွေဆိုတာလဲ မမေ့နဲ့"

ညို...(Completed)Where stories live. Discover now