🍀Part-9🍀

44.6K 3.8K 218
                                    

(Unicode)

(Unicode)

ကလင်~~~ကလင်~~ကလင်

"Goodbye တီချယ် Thank you တီချယ် see you tomorrow!!!!"

ဆရာမကို နှုတ်ဆက်ပြီးသည် နှင့်တစ်ပြိုင်နက် အခန်းထဲမှ ကျောင်းသူကျောင်းသားတို့သည် ထမင်းချိုင့်ထုတ်သူကထုတ် ကန်တင်းသွားရန် ပြင်တဲ့သူကပြင်နှင့် ယောက်ရက်ခက်နေကြ၏။ သို့ပေမဲ့ ကောင်လေးတစ်ယောက်ကတော့ ထိုအခြေအနေနှင့် ဆန့်ကျင်စွာ မိမိနေရာမှာတင် ငြိမ်သက်စွာထိုင်နေသည်။

"အညို သွားရအောင်လေ "

"ငါ မလိုက်တော့ဘူး ကေကေ"

"ဘာလို့လဲ"

"ငါ ငါ"

"ဘာလဲ နင့်ကိုကြည့်တဲ့အကြည့်တွေ ပြောမဲ့အသံတွေ မခံနိုင်လို့လား"

". ....."

"ဘာမှ စိတ်မပူနဲ့ ၊ငါရှိတယ်လေနော် တခြားဘာမှဂရုစိုက်မနေနဲ့"

"ဒါမဲ့"

"ကဲ အညိုရယ်၊ ဒါမဲ့မနေနဲ့ ကိုကြီးဥက္ကာလဲ လာမှာမလား သူလဲရှိတာပဲကို"

"အကိုဥက္ကာဇွဲလာလဲ ဘာထူးမှာလဲ"

"လာပါ ထူးလား မထူးလား နင်ကြည့်ကြည့်ပေါ့"

"ဟမ်"

သူ့ကိုပြန်တောင်မပြောတော့ပဲ လက်ကိုဆွဲကာ ရှေ့ကနေ ကော့တော့ကော့တော့ထွက်သွားသော ကေကေ့ကိုကြည့်ပြီး နောက်ကနေ ခေါင်းသာရမ်းမိတော့သည်။

ကန်တင်းဝင်တော့ သူထင်တဲ့အတိုင်း သူ့အားကြည့်ကာ တိုးတိုးတိတ်တိတ်သော်လည်းကောင်း ကြားအောင်သော်လည်းကောင်း ရွဲ့ပြောနေသော စကားများကြောင့် ခေါင်းကို အတင်းငုံ့ကာ ထမင်းထည့်ပေးသော နေရာသို့ ထွက်လာလိုက်သည်။

"အညို ငါရှိတယ်နော်"

"အင်းပါ"

"ဟယ် သားက ဟိုနေ့က rape ခံရမလို ဖြစ်တဲ့ ကောင်လေးဆိုတာလား... အင်းကွယ် သားပုံစံလေးက သေးသေးကွေးကွေး နုနုလေးဆိုတော့ ဖြစ်မှာပေါ့ ရော့ အန်တီအများကြီးထည့်ပေးလိုက်မယ် များများစားနော်"

သူ့ကို စေတနာနဲ့လား နှိပ်ကွက်ပြောသည်လား မသဲကွဲသော ထမင်းချက်အန်တီကြီး၏ အပြောကြောင့် ကျေးဇူးတင်ပါသည် ဟုသာ ပြောကာ ထွက်လာလိိုက်သည်။ ကေကေကတော့

ညို...(Completed)Where stories live. Discover now