🍀Part-31🍀

39.9K 3.5K 98
                                    

(Unicode)

အခန်းပြတင်းပေါက်နားတွင် ပြုလုပ်ပေးထားသော ငှက်အိမ်များထဲမှ တကျီကျီနှင့် နှိုးနေသော ငှက်ကလေးများကြောင့် အညို မထချင်သေးသော်လည်း နိုးလာ၏။တစ်စုံတစ်ခုက ရစ်တွယ်ထားသလို ခံစားရတာကြောင့် မျက်လုံးအစုံကို ဖွင့်ကြည့်တော့ မနေ့ကမှ အညိုနှင့် ဖုန်းပြောထားသည့် လူကြီးပင်။ဒီရက်ထဲပြန်လာမယ်လို့ ပြောထားပေမဲ့ ချက်ချင်းကြီး နောက်တစ်နေ့ တန်းရောက်လာတော့ အံ့သြမိသည်။

အညို့ကိုရင်ခွင်ထဲထည့်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ထိုလူသားဟာ အညို့အပေါ်တကယ်ကို လိုလေသေးမရှိအောင် ကောင်းပေးပါသော်လည်း ခဲမှန်ဖူးတဲ့စာသူငယ်လို အညိုကြောက်နေသေးသည်။

မှိတ်နေသော မျက်လုံးများကို ခပ်ဖွဖွထိပြီး ပါးပြင်ကို လက်နှင့် ပွတ်သပ်ပေးရင်း

"ခင်များက တကယ်ချောတယ်"

"အင်း ရုပ်ချောတဲ့ ဒီကောင်လေးက မင်းလေးအပိုင်လေ"

"ဟာ ခင်များ"

ရင်ခွင်ထဲက ရုန်းထွက်ဖို့ပြင်နေတဲ့ ကောင်လေးကို မလွတ်သွားစေရန် အားထည့်ပြီး ပိုဖက်ထားလိုက်တော့ အသံဆူဆူလေးထွက်၏။

"အာ့ ဇွတ်မညှစ်နဲ့လေ နာတယ်ဗျ"

"ဟီး sorry sorry"

ရုန်းထွက်လို့ မရမဲ့တူတူ ဒီနွေးထွေးတဲ့ ရင်ခွင်ထဲမှာပဲ နေနေလိုက်တော့သည်။

""ခင်များ ဗလတွေက ပိုကြီး၊ပိုထွက်လာသလိုပဲ"

"အင်း ညို့ကို ကာကွယ်ဖို့ ကိုယ်အများကြီး လေ့ကျင့်ထားတာလေ"

"ခင်များကတော့... ကျွန်တော် အရင်က မြတ်ဦးညိုမဟုတ်တော့ပါဘူး။ ကျွန်တော်ကိုယ့်ဘာသာ ကာကွယ်နိုင်ပါတယ်"

"ဟင့်အင်း ကိုယ့်မျက်လုံးထဲမှာတော့ ညိုက လွန်ခဲ့တဲ့၁၀နှစ်ကျော်က ကိုယ်ပန်းပေးခဲ့တဲ့ ကလေးလေးပဲ ပြီးတော့ ညိုလို့ပဲ သုံးပါဆို"

"အင်းပါ။ ဒါနဲ့ ခင်များ ဘယ်လိုဖြစ်လို့ တန်းပြန်လာတာလဲ"

"မနေ့ကကောင်လေးတစ်ယောက်ကိုယ့်ကို ပြန်မလာသေးဘူလားဆိုပြီး မေးတော့ မနေနိုင်လို့ ပြန်လာခဲ့တာ"

ညို...(Completed)Where stories live. Discover now