(Unicode)
အနောက်ကနေ အညို့ရဲ့လက်ကို လှမ်းဆွဲထားတာကြောင့် တစ်ချက်မဲ့ပြုံးပြုံးလိုက်ပြီး ပြီးမှ အချိုသာဆုံးပြုံးကာ အနောက်သို့လှည့်လိုက်သည်။
"ဟို ဘာကိစ္စကျန်သေးလို့လဲ မမြတ်နှင်းသက်"
"နင် နင် မြတ်ဦးညိုမလား"
"မြတ်ဦးညို?ဘယ်သူ?"
"ငါ့ကိုလာညာမနေနဲ့ မြတ်ဦးညို!!ငါ့ကိုအမှန်အတိုင်း ပြောစမ်း!!!"
"ဒါက ဘာဖြစ်နေတာလဲ!!!!"
တစ်ဖက်က အော်သံကြောင့် အညိုရော မြတ်နှင်းသက်ပါ ကြည့်မိတော့ မျက်လုံးနီကြီးများနှင့်
ကြည့်နေသော မင်းဇေထက်ရန်ကြောင့် မြတ်နှင်းသက် အညို့လက်ကို ယောင်ပြီးပင်လွှတ်မိ၏။"CEO"
"ကုမ္ပဏီရဲ့ VIP designerကို ကိုယ်ထိလက်ရောက် မစော်ကားနဲ့"
"ကျွန်မက "
"ကုမ္ပဏီမှာ လက်ကိုဆွဲပြီး ငါ့VIPကို အော်နေတာ မင်းကိုမင်း ငါးစိမ်းတန်းရောက်နေတယ်ထင်နေလား...ဟမ်!"
"ကျွန်မက ကျွန်မမောင်နဲ့ တူလို့ပါ"
"Braun အသိလား?"
"ဟင့်အင်း ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး CEO"
"ကြားပြီလား ကာယကံရှင်က မင်းကို မသိဘူးတဲ့"
"ဟုတ် ကြားပါတယ်"
"ငါ့ကုမ္ပဏီလာပြီး ငါ့လူကို အော်ရင် နောက်တစ်ခါဆို မင်းဘဝကုန်းကောက်စရာမလိုအောင်ကို လုပ်ပြစ်မယ်"
". ......."
"လာသွားရအောင် Braun ကိုယ်တို့ အလုပ်ကိစ္စဆွေးနွေးစရာ ကျန်သေးတယ်"
"ဟုတ်ကဲ့ CEO"
ထွက်သွားသော ကျောပြင်၂ခုကို ငေးကြည့်ရင်း မြတ်နှင်းသက် လက်သီးကို တင်းနေအောင် ဆုပ်ထားမိသည်။လူမြင်ကွင်းမှာ သူ့ကို ရစရာမရှိအောင် ပြောသွားသော မင်းဇေထက်ရန်နှင့် Braunဆိုသည့် အခြောက်ကို ကြည့်ကာ
*နင်တို့ငါ့ကို လူရှေ့သူရှေ့အရှက်ရစေတဲ့အတွက် နင်တို့နောင်တရစေရမယ် တောက်!*
"အသက်"
"ဟင်!မောင်"
"အသက်ရယ် ဘယ်လိုလုပ်လိုက်တာလဲ။ အဲ့ဒါ
မြတ်ဦးညို မဟုတ်ပါဘူး"
YOU ARE READING
ညို...(Completed)
Fantasy"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက် ဘယ်သူကမှ အရေးတယူ အဖတ်လုပ်နေမှာမဟုတ်ဘူး သေသွားရင်တောင်ပေါ့...." "ဟုတ်တယ် ညိုက အခြောက်!!ဖေဖေတို့ မေမ...