🍀Part-4🍀

54.1K 4.6K 118
                                    

(Unicode)

ဒီနေ့ မကွေးကို ဖေဖေတို့ လိုက်ပို့ဖို့ လုပ်ထားသော်လည်း မမကြီးက ကျောင်းအပ်ဖို့ သူ့ကိုလိုက်ပို့ရမည်ဆိုတဲ့ တစ်ချက်လွတ်အမိန့်ကြောင့် အညိုတစ်ယောက်ထဲ မကွေးသို့သွားသော ခရီးသွားကား
ဖြင့် သွားရပေတော့မည်။ စိတ်မကောင်းဖြစ်ရုံကလွဲပြီး အညို့အနေနဲ့ ဘာတက်နိုင်မှာလဲ။ အညို့ကို ကားဂိတ်အဝမှာ ချခဲ့ပြီး ထွက်သွားသော ကားလေးကိုကြည့်ပြီး သူတွေးမိသည်။

ဒီမိသားစုမှာ ညိုက အပိုလူသက်သက်လား!!

ကားဂိတ်ထဲဝင်ပြီး အညိုဘယ်ကို သွားရမယ်မသိ။အညိုက အိမ်ထဲကအိမ်ပြင်တောင် ကျောင်းဖွင့်သည့် ရက်ကလွဲပြီး  မထွက်ရတာ
အဲ့တော့ တစ်ခါမှမရောက်ဖူးသော ကားဂိတ်ထဲ ယောင်ချာချာ ဖြစ်နေတော့သည်။ အညို့ဖြစ်ပုံကို ဆိုင်ကယ် ကယ်ရီမောင်းသည့် ဦးလေးကြီးက မြင်ပုံရသည်။

"သားလေး ဘယ်သွားမှာလဲ"

"ဟို မကွေးကို သွားဖို့၊ သား ဘယ်သွားရမယ်မသိလို့"

"ဒီတည့်တည့်တိုင်သွား အောင်ကမ္ဘာဆိုတဲ့ ကားဂိတ်က မကွေးသွားမဲ့ကား"

"အာ ဟုတ် ကျေးဇူးတင်ပါတယ်ဗျ"

ဦးလေးကြီးကို ကျေးဇူးတင်စကားပြောပြီး ထွက်လာတော့ နောက်က သူတို့ချင်းပြောတဲ့ အသံတွေကို အတိုင်းသားကြားနေမိသည်။

"ကလေးက ဖြူဖြူအုအုလေးကို မိဘတွေကလည်း တစ်ယောက်ထဲ လွှတ်လိုက်တာပဲ"

"အေးကွာ ဒီခေတ်ကြီးမှာ ယောကျ်ားလေးလဲ လုံခြုံတာမဟုတ်ဘူး၊ဘယ်လိုမိဘတွေက စိတ်ချလက်ချလွှတ်လိုက်လဲ မသိပါဘူး"

အညို ကယ်ရီဦးလေးကြီးပြောတဲ့ အတိုင်းသွားတော့ အောင်ကမ္ဘာဆိုတဲ့ ကားကိုတွေ့တာနဲ့ ကားပေါ်တက်ဖို့ ပြင်လိုက်သည်။

"ဟေ့! ဟေ့! ကောင်လေး ကားက မထွက်သေးဘူး နောက် ၁နာရီနေမှထွက်မှာ အပြင်မှာ ထိုင်စောင့်ဦးနော်"

"အာ ဟုတ် ဦးလေး"

"ဟိုနားက ခူံတန်းမှာ သွားထိုင်စောင့်နေနော်"

ထိုဦးလေးကြီးပြောတဲ့နေရာသို့ သွားကာ လွတ်နေတဲ့ နေရာသို့ဝင်ထိုင်လိုက်သည်။

ညို...(Completed)Where stories live. Discover now