🍀Part-30🍀

40.9K 3.5K 265
                                    

(Unicode)

Zay ကုမ္ပဏီရှေ့တွင် ကားလေးတစ်စီးထိုးရပ်လာသည်။Driver seatဘက်မှ အမျိုးသားတစ်ယောက် ဆင်းလာပြီး တစ်ဖက်တံခါးကို ဖွင့်ပေး၏။အမျိုးသား ဖွင့်ပေးသောဖက်မှ လှပသော ခြေတံဆင်းဆင်းဖြင့် အမျိုးသမီးတစ်ယောက်ဆင်းလာသည်။

"မောင့်အသက်! မောင် ညနေ လာကြိုရမဲ့အချိန် ဖုန်းဆက်လိုက်နော်"

"အင်းပါ မောင်ရဲ့ မြတ်ဆက်လိုက်ပါ့မယ်..အပြန် ကားကို ဂရုစိုက်မောင်းနော်"

"ဟုတ်ပါပြီဗျာ...မောင့်မိန်းမလေး ပထမဆုံးရုံးတက်ရက်မှာ အဆင်ပြေပါစေကွာ"

"မောင်နော် မောင့်မိန်းမလေး မောင့်မိန်းမလေးနဲ့ ယူတောင်မယူရသေးပဲ"

"မောင်က ချစ်လို့ပါကွာ"

ခေါင်းကိုလဲ ခပ်ဖွဖွပုတ်ကာ ပြောနေသော မောင့်ကြောင့် မြတ်မှာ ဆယ်ကျော်သက်တွေလို ရင်တွေခုန်တာ တစ်လှပ်လှပ်ဖြင့်။

ထိုကြည်နူးစရာ အခိုက်အတန့်လေးကို ကုမ္ပဏီ၏ ၃ထပ်မြောက်ကနေ လှမ်းကြည့်နေသည့် ကောင်လေးလည်း ရှိသေးသည်။

"အဟက်!!!ပျော်နေခွင့်ရတုန်း ပျော်ထားပါ
ကိုဇွဲ...."

ဒေါက်!!ဒေါက်!!ဒေါက်

"ဝင်ခဲ့ပါ"

"Mr.Braun ကျွန်တော်မျိုး ရောက်ပါပြီခင်ဗျ"

"ထူးထူး မင်းကတော့ နောက်ပြီ ဟားဟား"

"No ထူးထူး My name is 'Ace' "

"အေးပါကွာ ဒါနဲ့ စည်သူကော"

"မသိဘူး ငါ့လာမမေးနဲ့"

ထူးထူးက အညို့အမေးကို ဘူးတစ်လုံးခံငြင်းကာ ဆိုဖာပေါ်ကို စောင့်အောင့်ပြီး ထိုင်ချတာကြောင့်

*ဒီနှစ်ကောင် သတ်ထားပြန်ပြီလား*

ထူးထူးရှေ့က ဆိုဖာပေါ်မှာ အညိုလဲ ဝင်ထိုင်လိုက်သည်။

"ဘယ်လိုဖြစ်ကြပြန်တာတုန်း မင်းတို့၂ကောင်က"

"အဲ့ကောင် ဖောက်ပြန်နေတာလေ"

"ဟမ်"

"ဟုတ်တယ်"

"ဘယ်သူနဲ့ ဖောက်ပြန်နေတာတုန်း"

ညို...(Completed)Where stories live. Discover now