🍀Part-46🍀

37.3K 2.9K 161
                                    

(Unicode)

ဒူဒူဒန့်ဒန့်ဒူတန့်ဒူတန်ဒူဒူဒန်ဒန့်ဒူတန်ဒူတန်တန်....

ရွှမ်း~~~ရွှမ်း~~~ရွှမ်း~~

"ဟာ ခင်များကလဲ တစ်ခေါင်းလွတ်သွားပြီလေ"

"ခွေးခေါင်းဆို မဖြတ်ရပါဘူးဆိုနေဗျာ"

"ဟာ  -ီးလိုလုပ်နေလိုက်အဲ့မှာ"

"နောက်တစ်ခေါင်းလွတ်သွားပြန်ပြီလေ။ခင်များလူသတ်တုန်းကကျ အေးဆေးလေး ဖြတ်နေပြီးတော့ ဒီခေါင်းတွေတောင် လိုက်မဖြတ်နိုင်ဘူးလား ငလူးမသားကြီးရဲ့"

"အင်းပါ အင်းပါ ညိုရယ် ကိုယ်လဲ ဖြတ်နေပါတယ်"

ဒါကတော့ အညိုဆော့နေကြ ဂိမ်းကို မင်းဇေထက်ရန် ဆော့နေခြင်းပင်။လူ၃ယောက်၏ ခေါင်းအားဖြတ်ရပြီး ခွေးခေါင်းကိုဖြတ်မိပါက Game overဖြစ်သွားတက်သည်။ခေါင်း၃ခေါင်း လွတ်သွားရင်လဲ Game overပင်။ဂိမ်းဆော့နေကျ မရှိသည့်သူ့အတွက် ဘယ်လောက်ပဲ လူသတ်ရင် လက်မြန်တယ် ပြောပြော ဒီဂိမ်းကိုတော့ ခေါင်း၂၀က အများဆုံး ဖြတ်နိုင်တာပင်။လွတ်သွားသည့်ခေါင်းတွေကော ခွေးမှားပြီး ဖြတ်မိသည်ကောကြောင့် ညို့၏ ဆူပူခြင်းများကို ခံနေရသည်။တစ်ချက်တစ်ချက် ဆူခံရသည်တင်မက ပတ်တီးစည်းမထားသည့် ဘယ်ဘက်လက်ဖြင့်လဲ ထုထောင်းရိုက်နှက်သေးသည်။

"ညိုရာ ဖြေးဖြေးလုပ်ပါ တော်ကြာ ဟိုဘက်လက်ကို ထိပါဦးမယ်"

"ထိပါစေပေါ့ ဘယ်သူ့ကြောင့်ဖြစ်တာလဲ အခုမှ စိတ်ပူမနေနဲ့"

"ကိုယ်တမင်ရည်ရွယ်ပြီး လုပ်တာမဟုတ်ပါဘူးကွာ မတော်တဆဖြစ်သွားတာကို"

"တမင်ရည်ရွယ်ပြီးလည်း လုပ်ကြည့်ပါ့လား
ခင်များလက်ကို ပြန်ချိုးပစ်မှာ"

ဟုတ်သည်လေ...ဟိုနေ့က အညို့ကို နမ်းတာ အူယားလို့ဆိုပြီး ကလိထိုးသည်တဲ့။ဘယ်လောက်တောင်အူယားတယ်မသိ အညို့လက်ကို ဒူးနှင့်ကြိတ်ပြစ်လို့ လက်ခလယ်ရယ် လက်သကြွယ်ရယ် လက်သန်းရယ်က မကျိုးပေမဲ့ အဆစ်လွဲသွားသည်ဆိုလား ဖြစ်သွားတာကြောင့် အညို့မှာ ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား အော်ငိုလိုက်ရသေးသည်။

ညို...(Completed)Where stories live. Discover now