(Unicode)
#စာမစစ်ထားပါ။
မနေ့က ဌာနကို လာမစစ်တာကြောင့် ဒီနေ့စစ်ဖို့ သေချာနေသည်။ထို့ကြောင့် အမီတစ်ယောက် တစ်ဌာနလုံးကို မနက်ကတည်းက သြဇာသီးရောင်းနေရ၏။တစ်ဌာနလုံးဆိုတာထက် တစ်စုံတစ်ယောက်ကိုဆို ပိုမှန်မည်။
"ဘယ်အချိန်ရှိနေလို့ အဲ့အထူးဆုမကြီးက မလာသေးရတာလဲ"
ကျွီ~~~
ပြောနေတုန်း တံခါးဖွင့်သံကြောင့် ကြည့်လိုက်တော့ အမီတို့ ပြာယာခတ်ခုန်၏။
"C CEO"
"ကျွန်တော်မနေ့က လာစစ်မယ်လို့ ပြောပြီးသားထင်ပါတယ်နော်"
"ဟုတ် ဟုတ်ကဲ့ပါ"
"လူစုံပြီလား"
"ဟို ဟို"
ကျွီ~~~
တံခါးဖွင့်သံကို တစ်ဖန်ပြန်ကြားလိုက်တာကြောင့် ကြည့်လိုက်တော့ ရောက်တာ ၁လမပြည့်သေးဘူး စိတ်ဒုက္ခပေးလွန်းသော မယ်မင်းကြီးမ မြတ်နှင်းသက်ပင်။CEOကို ကြည့်လိုက်တော့ ဒေါသထွက်နေတာကြောင့် မျက်နှာတစ်ခုလုံးနီရဲလို့နေ၏။
"မင်းအလုပ်ချိန်ထက် နာရီဝက်နောက်ကျပြီးမှ ရောက်တယ်ဆိုတာကို သိရဲ့လား"
" ကျွန်မ ကားပိတ်နေလို့ နည်းနည်းနောက်ကျသွားတယ်"
"အေး နောက်ကျမှာကို သိရင် မင်းအိမ်ကနေ စောပြီးထွက်လာသင့်တယ်။ငါ့ကုမ္ပဏီမှာ အချိန်မလေးစားတဲ့ ဝန်ထမ်းမျိုးရှိနေတာ ကုမ္ပဏီရဲ့ imageကို ထိစေတယ်....ဒီတစ်ယောက်က ဘယ်သူလဲ မမီ"
"ဟို အသစ်ရောက်လာတဲ့ တစ်ယောက်ပါ"
သူသိပြီးသားဖြစ်သော်လည်း မသိချင်ယောင်ဆောင်ပြီးသား မေးလိုက်ချင်းဖြစ်သည်။ညို့ကို သိမ်ငယ်အောင် လုပ်ခဲ့သမျှ မင်းလဲ ခေါင်းဖော်ပြီး နေရမယ်မထင်နဲ့။
"အသစ်ဖြစ်နေလို့ ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ။နောက်တစ်ခါဆို မင်းရဲ့ အထုတ်တွေဆွဲပြီး လာရာလမ်းကို ပြင်ဖို့ ပြင်ထားပါ။ ငါပြောတာနားလည်လား"
"ဟုတ်ကဲ့ CEO"
ခေါင်းကိုငုံ့ထားသော်လည်း ရှေ့ကိုယှက်ထား
သည့် လက်နှစ်ဖက်အချင်းချင်း ပို၍ဆုပ်ကိုင်ထားမိသည်။တခြားသူဆို ဂရုမစိုက်ပဲ နေလို့ရပေမဲ့ အခုက CEOဖြစ်နေသည်ကြောင့် ခေါင်းငုံ့သာ ငြိမ်နေရ၏။
ESTÁS LEYENDO
ညို...(Completed)
Fantasía"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက် ဘယ်သူကမှ အရေးတယူ အဖတ်လုပ်နေမှာမဟုတ်ဘူး သေသွားရင်တောင်ပေါ့...." "ဟုတ်တယ် ညိုက အခြောက်!!ဖေဖေတို့ မေမ...