🍀Part-29🍀

39.6K 4K 254
                                    

(Unicode)

"မေမေရေ မေမေ!"

"အော် ဒီကလေးမလေးနှယ် တစ်အိမ်ထဲနေပြီး အော်ခေါ်နေရလား ငါဒီမှာ စက်ချုပ်စဥ်နားမှာ"

"ဒီမှာ သမီးကို ဖုန်းလှမ်းဆက်တယ်မေမေရဲ့ သမီးတင်လိုက်တဲ့ဒီဇိုင်းက အရွေးခံရမဲ့ ၁၀ယောက်ထဲပါတာမို့ နောက်တစ်ပတ်ထဲ interview လာဖြေလှည့်ပါတဲ့"

"ဒီဇိုင်းရွေးတဲ့သူတွေ မျက်စိရှမ်းပြီးများ ရွေးမိကြလားမသိဘူး"

"ဟာ မေမေကလည်းနော်"

"မေမေက စတာပါရှင်...ဒါဆို နောက်တစ်ပတ်ထဲ သွားရမှာဆိုတော့ နေစရာတွေဘာတွေ ဘယ်လို စီစဥ်မလဲ သမီး"

"ကိုကိုနဲ့ တိုင်ပင်ကြည့်လိုက်ဦးမယ်မေမေ"

"အေးအေး မောင်ထက်မြတ်ကိုလဲ မေမေက မေးနေတယ်ပြောလိုက်ဦး နေရောကောင်းရဲ့လားလို့"

"ဟုတ်"

မိခင်ဖြစ်သူကို ဝမ်းသာစရာသတင်းကောင်းအားပြောခဲ့ပြီး အခန်းထဲပြန်ဝင်ကာ ချစ်ရသူထံ ဖုန်းဆက်မည်အပြု စားပွဲပေါ်တွင်ထောင်ထားသော ဓာတ်ပုံဘောင်လေးက အမြင်ထဲရောက်လာသ
ဖြင့် ကောက်ကိုင်လိုက်သည်။

"အညို နင်ဖြစ်ချင်တဲ့ ဒီဇိုင်နာတစ်ယောက်ဖြစ်အောင် ငါက နင့်အစားဖြစ်အောင်လုပ်ပေးမှာမို့ နင်စိတ်ချနော်....ဘာလိုလိုနဲ့၅နှစ်တောင် ကျော်ခဲ့ပြီအညိုရယ်.....ငါနင့်ကို အရမ်းလွမ်းတာပဲ သူငယ်ချင်းရယ် သေသောသူကြာရင်မေ့လို့ ဆိုကြပေမဲ့ ငါတော့ နင့်ကို မမေ့နိုင်သေးဘူး အညိုရယ်...ငါ့စိတ်ထဲမှာလေ နင်သေသွားပြီဆိုတာကို ဘယ်လိုမှ မယုံနိုင်သေးဘူး အင့်"

ဓာတ်ပုံထည့်ထားသော ဘောင်လေးအားကိုင်ကာ ငိုနေမိ၏။ခန့်ကေသာဟန်အနေနဲ့ သူ(မ)၏ သူငယ်ချင်းလေးဆုံးတာကို ဘယ်လိုမှ လက်ခံနိုင်မည့်ပုံ မပေါ်သေးပေ။

တစ်ပတ်ခန့်ကြာသော်

ဝုန်း!!!!

"တောင်းပန်ပါတယ်ရှင်!တောင်းပန်ပါတယ် ကျွန်မ interviewအတွက်လောနေလို့ ဝင်တိုက်မိသွားတာ တောင်းပန်ပါတယ်"

"ရပါတယ်"

ကျသွားသော ဖိုင်တွဲများကို ကူကောက်ပေးပြီး
တစ်ဖက်က အမျိုးသမီးကိုတောင်းပန်ကာ interviewဖြေရမည့် ေနရာသို့ ခပ်သွက်သွက် ထွက်လာခဲ့၏။

ညို...(Completed)Where stories live. Discover now